wellman vitamins
ဆရာရှင့် ကျွန်မ၏ အမျိုးသားရဲ့ ဖခင် အသက် ၇၅နှစ်က လည်ပင်းမှ အမဲကွက် အမှတ်ပုံစံ ပေါ်နေတာ တလ နီးပါးရှိပါပြီရှင့်။ နာလဲ မနာ ယားလဲ မယားပါရှင့်။ ဘယ်ကနေ စပြီး ပေါ်လာတာကိုလဲ တိတိကျကျ မသိနေပါရှင့်။ လူနာက စိုးရိမ်နေလို့ ဆေးညွှန်းလေး ညွှန်ပြပေးပါဦးရှင့်။ ကျေးဇူးပါ ဆရာ။ လည်ပင်းမှ အမှတ်ကွက်ရဲ့ပုံလေးပါ ဆရာရှင့်။ ဆရာတို့ မိသားစု ကျန်းမာ ချမ်းသာ ကြပါစေရှင်။
အသက်ကြီးလာ အိုလာရင် ခန္ဓာကိုယ်က ငယ်စဉ် ရွယ်စဉ်ကနဲ့ မတူတော့ပါ။ တချို့အပြောင်းအလဲတွေက ဇရာဖြစ်စဉ်အရ အားနည်းချို့ယွင်းလာတာတွေ။ ရောဂါရယ်လို့တော့ မဟုတ်ပါ။
ပုံအရ အရေပြားအောက်ကသွေးကြောသေးသေးလေးတွေပေါက်တာ။ ဆေးမလိုလောက်ပါ။
အသက်ကြီးသူတိုင်း သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထော စစ်ထားရမယ်။ လိုတာ လုပ်ရမယ်။
နေ့စဉ် ဗီတာမင်အစုံ ရိုးရိုးကောင်းတာ တနေ့တလုံး သောက်သင့်တယ်။ ဥပမာ centrum vitamins multivitamin wellman vitamins
အမျိုးသမီးကြီးတွေက ကယ်လ်စီယမ်ပါ တနေ့တပြား သောက်သင့်တယ်။ ဥပမာ calcium for women စသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment