Baby Powder ကလေးပေါင်ဒါ
ဆရာ ဂျွန်ဆင် & ဂျွန်ဆင် ကလေးပေါင်ဒါ ကုမ္မဏီက လျော်ကြေးငွေ ပေးလိုက်တယ်လို့ သတင်းတပုဒ် ဖတ်ရပါတယ်။ ကင်ဆာဖြစ်စေတယ်လို့တရားစွဲခံရတာပါလား၊သေသေချာချာဘာသာမပြန်ရဲလို့ ဆရာ့အနေဖြင့် ပို့စ်ရေးသားပေးပါလားခမျာ။ လေးစားစွာဖြင့်။ ဆရာကျန်းမာပါစေ။
နာမည်ကြီး လူသုံးအများဆုံး ဂျွန်ဆင်-အင်-ဂျွန်ဆင်ပေါင်ဒါထုတ်တဲ့ကုမ္ပဏီကို နစ်နာကြေး ၇၂ သန်း ချမှတ်လိုက်ပါတယ်။
ဂျွန်ဆင်-အင်-ဂျွန်ဆင်ပေါင်ဒါကို မြန်မာပြည်မှာ ကလေးသုံးပေါင်ဒါလို့သာလူသိများတယ်။ အခုအမှုဖြစ်တာက လူကြီးကနေသုံးခဲ့တာပါ။ ဒီပေါင်ဒါကို နှစ်ရှည်လများသုံးခဲ့တဲ့အမျိုးသမီး မျိုးဥအိမ်ကင်ဆာနဲ့သေဆုံးလို့ ပေါင်ဒါ ထုတ်တဲ့ကုမ္ပဏီကနေ သတိပေးချက်မစုံလင်ဘူးဆိုပြီး အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်မှာ တရားစွဲပါတယ်။
ကုမ္ပဏီကလည်း စိတ်ချရကြောင်း နှစ်ပေါင်းများစွာသိပ္ပံနည်းကျအသိဖြစ်ကြောင်းရှင်းလင်းပါတယ်။ သုတေသန လုပ်သူတွေကလည်း မျိုးဥအိမ်ကင်ဆာနဲ့ဆက်စပ်မှုကိုသက်သေမပြနိုင်ဘူးလို့ထောက်ခံပါတယ်။ အမှုကို ၃ ပါတ်ကြာ စစ်ဆေးပြီး စားသုံးသူကိုအနိုင်ပေးလိုက်ပါတယ်။ တပြည်လုံးမှာ အလားတူအမှုပေါင်း ၁ဝဝဝ ကျော် ရှိပါသေးတယ်။
International Agency for Research on Cancer ကတော့ သုတေသနရလဒ်တွေကရောထွေးနေလို့ ပေါင်ဒါမှာ ကင်ဆာဖြစ်စေနိုင်တာ ပါကောင်းပါနိုင်တယ်လို့ဆိုပါတယ်။ ပေါင်ဒါဆိုတာ Mineral talc အမျိုးအစားဖြစ်ပြီး Asbestos မီးခံကျောက်မှုံမပါရင် ၁၉၇၀ ကျော်ကတည်းက သုံးနေပါတယ်။
Ovacome ချာရတီအဖွဲ့ကလည်း ကင်ဆာနဲ့မဆိုင်ဘူးဆိုတဲ့ဖက်မှာရပ်တည်ပါတယ်။ ၂၀၀၃ ခုတုံးက အမျိုးသမီးပေါင်း ၁၂ဝဝဝဝ ယောက်ကို လေ့လာမှု ၁၆ ခုလုပ်တော့ မျိုးဥအိမ်ကင်ဆာ ဖြစ်စေနိုင်တဲ့အန္တရာယ် ၃ ဆ ပိုတာတွေ့ရတယ်။ ၂ဝ၁၃ ခုမှာ အမျိုးသမီးပေါင်း ၁၈ဝဝဝဝ ယောက်ကို လေ့လာမှုလုပ်တော့လည်း အလားတူ အဖြေရတယ်။ ၂၀၀၀ ခုနှစ်မှာ ၈၀၀၀၀ ယောက်ကိုလေ့လာတော့ အဲလိုဖြစ်တာ မတွေ့ရဘူးလို့ဆိုပါတယ်။ ချာရတီအဖွဲ့က ဆေးလိပ်သောက်ခြင်းနဲ့ အရက်သောက်ခြင်းကြောင့် အစာမျိုပြွန်ကင်ဆာဖြစ်ဘို့ အဆ ၃၀ ပိုတယ်။
Johnson & Johnson ဂျွန်ဆင်-အင်-ဂျွန်ဆင် ပေါင်ဒါကုမ္ပဏီကို နစ်နာကြေး ၇၂ သန်း ချမှတ်တဲ့သတင်းကိုတင်တော့ အတော်များများက မေးကြတယ်။ ကလေးတွေပေါင်ဒါသုံးတာ အန္တရာယ်ရှိပါသလားဆိုတဲ့အမေးကို ၈-၁၀-၂ဝ၁၂ အွန်လိုင်း အမေးအဖြေမှာ အမေရိကန် ကလေးအထူးကုဆရာဝန်တယောက်ကနေ သည်လိုဖြေထားပါတယ်။ အမေရိကန် ကလေးဆရာဝန်များအကယ်ဒမီက ကလေးတွေပေါင်ဒါသုံးတာကို ဆန့်ကျင်ပါတယ်။
Talc ခေါ်ပေါင်ဒါဟာ hydrated magnesium silicate ဆေးဖြစ်တယ်။ ပေါင်ဒါမှုံ့ဟာပေါ့ပါးလွန်းလို့ လေထဲမှာပါပြီး ကလေးရဲ့အသက်ရှူလမ်းကို အလွယ်လေးနဲ့ဝင်မယ်။ ကလေးအသက်ရှူလမ်းကို အနည်းနဲ့အများထိခိုက်စေနိုင်တယ်။ အသက်ရှူခက်တာ၊ အသက်ရှူကြပ်တာ၊ ပိတ်တာတွေဖြစ်စေနိုင်တယ်။ ချွဲဖြစ်လာစေမယ်။ ပန်းနာရှိတဲ့ ကလေးတွေနဲ့လည်း မသင့်ပါ။ သုံးနေရင်လည်း ပေါင်ဒါကိုအမှုံ့ထမသွားအောင်ဂရုစိုက်ပါ။ ကလေးခေါင်းနဲ့ ဝေးနိုင်သမျှ ဝေးပါစေ။ ကလေးမှာ တခုခုနဲ့ ထိကပ်ရာကနေ နီရဲနေရင် ပေါင်ဒါအစား ကလေးလိမ်းနိုင်တဲ့ ခရင်မ်တို့ ဆီတို့ကို သုံးနိုင်ပါတယ်။ Petroleum jelly လည်း သုံးနိုင်ပါတယ်။
အမေရိကန်ကင်ဆာအသင်းကနေသတိပေးထားတာ အဲလိုဓါတ်ထုတ်လုပ်တဲ့ အလုပ်သမားတွေနဲ့ ပေါင်ဒါကို နှစ်ရှည်လများသုံးသူတွေမှာ အဆုပ်ကင်ဆာဖြစ်စေနိုင်သလား လေ့လာပါတယ်။ အဆုပ်ကင်ဆာသတိပေးရတာက ပေါင်ဒါသက်သက်ကြောင့်လား အထဲမှာပါတဲ့ မီးခံကျောက်မှုံကြောင့်လားတော့ မပြောနိုင်ပါ။ အမေရိကန် ကင်ဆာအသင်းက ပေါင်ဒါသက်သက်ကနေတော့ အဆုပ်ကင်ဆာမဖြစ်စေပါလို့ ထပ်ပြောပါတယ်။
နောက်သတိပေးချက်က မျိုးဥမအိမ်ကင်ဆာအန္တရာယ်။ အဲတာကိုလည်း တိတိကျကျတော့မပြောနိုင်ပါ။ WHO ကမာ္ဘ့ကျန်းမာရေးအဖွဲ့နဲ့ ဆက်စပ်ထားတဲ့ နိုင်ငံတကာ ကင်ဆာသုတေသန အေဂျင်စီအဆိုအရ ပေါင်ဒါကို ပေါင်ခြံလို လိင်အင်္ဂါတွေမှာမသုံးဘို့ဖြစ်ပါတယ်။ ကင်ဆာကိုသံသယရှိလို့ပါ။
၂၁-၈-၂၀၁၇ နေ့ထပ်ထွက်တဲ့သတင်းအရ Johnson & Johnson ကုမဏီဟာ $417m ဒဏ်ဆောင်ရမယ့်အမှုကို ကယ်လီဖိုးနီးယားမှာ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ မျိုးဥအိမ်ကင်ဆာနဲ့ဆက်စပ်တာသက်သေထွက်ဆိုမှုရှိတယ်။ အသက် ၆၃ နှစ်ရှိတဲ့ Eva Echeverria ကတရားစွဲတာဖြစ်တယ်။
တကိုယ်ရေသန့်ရှင်းရေးနဲ့ အလှအပသုံးပစ္စည်းမှန်သမျှ သဘာဝထွက်မဟုတ်ရင် ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ သဘာဝထွက်တောင်မှ ရေရှည်လူအများစုကသုံးတဲ့ သနပ်ခါးအစစ်၊ နံ့သာဖြူ၊ ကရမက်တွေသာ အချိန်က သက်သေခံထားပါတယ်။ တိုင်းရင်းဆေးလို အရပ်ဆေးနည်းလို ကြော်ငြာဆေးလို သဘာဝထွက်ကုန်တွေကိုတော့ အာမမခံနိုင်ပါ။
• Johnson & Johnson Baby Powder Lawsuits https://topclassactions.com/lawsuit-settlements/consumer-products/348057-california-baby-powder-lawsuit-atty-says-clients-dying/
• Johnson & Johnson hit with $72m damages in talc cancer case http://www.bbc.com/news/world-us-canada-35648252
• Johnson & Johnson faces $417m payout in latest talc case http://www.bbc.com/news/business-41003540
ဒေါက်တာတင့်ဆွေ

Comments
Post a Comment