ရန်ကုန်ပြည်သူ့ဆေးရုံကြီးကင်ဆာဓာတ်ကင်ဌာနကို

တခဏလေးဖြစ်ဖြစ်ရောက်အောင်သွားကြည့်ကြစေချင်ပါတယ်…

(ကူးယူတင်ပြတာ ဖြစ်ပါသည်။)

သိန်း ၃ သောင်း၊ သိန်း၄ သောင်းတန် ယောဂီ ၂၀၀၀၊ ၃၀၀၀ ဆန့် အဆောက်အဦးတွေလှူဖို့ တိုးဝှေ့ တန်းစီစောင့်နေကြတဲ့ သူဌေးများကို အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကင်ဆာဓာတ်ကင်ဌာန ကို တခဏလေးဖြစ်ဖြစ် ရောက်အောင် သွားကြည့်ကြစေချင်ပါတယ်။

ဆေးသွင်းဖို့ ငွေမတတ်နိုင်တော့လို့ ဆက်မကုတော့ပဲ ကျောခိုင်း အိမ်ပြန်သွားကြရသူတွေ၊ ဓာတ်ကင်ဖို့ တနှစ်ခွဲ အလှည့်စောင့်ရတဲ့ လူနာတွေ အပြည့်ပါ။

ငွေကြေးနိုင်သူတချို့ က ပုဂ္ဂိလဆေးရုံဖက်ကူး ပြီး သိန်းရာချီကုန် ကုသကြပင်မဲ့၊ ငွေကြေးမနိုင်တဲ့သူ အများစုက ဓာတ်ကင်ဖို့ နှစ်ချီစောင့်ရင်း အလှည့်မရောက်ခင် ကွယ်လွန်ကုန်ကြတာ၊ ရောဂါပျံ့နှံ့ နူန်းတိုးလို့ အလူးအလဲခံစားရရင်း ကွယ်လွန်ကုန်ကြသူတွေ မနည်းပါဘူး။

သေနေ့စောင့်နေရမဲ့သူအချင်းချင်း ဝေဒနာ ပြင်းထန် နာကျင်နေရတာကို မကြည့် နိုင်ကြသူ လူနာရှင်များကိုယ်တိုင်အလှည့်ကျော်ခွင့် ပေးပြီး ဓာတ်ကင်စေကြသူတွေတောင်ရှိပါတယ်…

အင်မတန် စိတ်မကောင်းဖြစ်ရသလို၊ မြင်ရ ကြားရတာ တကယ် စိတ်မချမ်းသာစရာပါ။

နာမည်ကြီး ဆရာတော်တွေနဲ့ သူဌေး သီလရှင်များကို နိုင်ငံခြားမှာ စရိတ်ခံကုပေးမဲ့ အလှူရှင်တွေ အလုအယက်တန်းစီ နေကြချိန်မှာ သာမာန်စာသင်သား ရဟန်းသံဃာများနဲ့ မယ်သီလများ ကင်ဆာ ရောဂါဖြစ်ရင် တကယ် ကို ခက်ခဲလှပါတယ်။

သာမာန်လူပုဂ္ဂိုလ်တွေမှာပို၍ဆိုးပါတယ်။ သူတို့ရဲ့ ညှိုးငယ်တဲ့ မျက်နှာလေးတွေကို တခဏလေးပဲဖြစ်ဖြစ် မြင်ဖူးအောင် သူဌေးများ သွားကြည့်ကြည့်ကြပါ။

လွန်ခဲ့တဲ့ ၄နှစ်ကျော်က စက်တလုံး အသစ်ထည့် ထားလို့ တနှစ်ကျော်စောင့်ရတာဟုသိရပါတယ်။ အရင်စက်အဟောင်းက အတော်လေး ဟောင်းနေပါပြီ။

တောင်ကြီးမှာ ရှိတဲ့ စက်နဲ့ ကင်မယ်ဆိုရင် ၆ လ တနှစ်လောက်နဲ့ အလှည့်ကျနိုင်ပါသတဲ့ ဟုဆိုကြတယ်။ မပြည့်စုံတဲ့ ဘဝတွေ၊ အစစအရာရာ စျေးတက်နေတဲ့ခေတ်မှာ တောင်ကြီးမှာ သွားကုဖို့က နေစရိတ် စားစရိတ် ရှိပါသေးတယ်။

ဘယ်လို ကုနိုင်ကြပါ့မလဲ

ကင်ဆာ ရောဂါဟာ ချမ်းသာ ဆင်းရဲ မရွေး၊ လူ ပုဂ္ဂိုလ် ရဟန်း သီလရှင်၊ ပညာတတ် ပညာမွဲ လူတန်းစားအစုံ အလွှာပေါင်းစုံမှာ ဖြစ်နေတဲ့ ပြင်းထန်တဲ့ ရောဂါဆိုးပါ။

အချိန်ယူရတယ်၊ ငွေကုန်များတယ်။ ဓာတ်ကင် ဆေးသွင်းပြီး သက်တမ်းစေ့အသက်ရှင် နေထိုင်သွားရသူတွေလည်းရှိပါတယ်။ (ဆုံး)

ကူးယူတင်ပြပါမည်။ ကျေးဇူး။ 

ကင်ဆာပျောက်ဆေး၊ ကင်ဆာကာကွယ်ဆေးဆိုတာတွေလည်း ရှိသေးတယ်။ မမှန်တာတွေ။ ကူးတင်နေကြသေးတယ်။

ကင်ဆာဂရုတွေမှာ မှန်တာထက် မမှန်တာတွေက ပိုများတယ်။ သူတို့က သတ်ပုံပြင်တာကိုပါ မကြိုက်ကြလို့ သွားမဖတ်ဖြစ်တော့ပါ။ ကျွန်တော်က သူတို့ရေးတာတွေက သတ်ပုံမှားနေလည်း အချက်အလက် အမှန်အတိုင်း ဖြေပါတယ်။

ကင်ဆာစာရင်းဇယား၊ ကင်ဆာသုတေသနမရှိသလောက် နည်းတယ်။

ကင်ဆာဆေး မစစ်တာလည်း ရှိသတဲ့။ 

မြန်မာပြည်သားတွေ ဘယ်မှာနေနေ ကင်ဆာကို ကျော်လွှားနိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း