ကျန်းမာရေး အမေးအဖြေကို ရန်ရှာသူက များတယ်

မေးခွန်း = ဆရာခင်ဗျ ကျွန်တော်အသက်၂၇ပါ ဆံပင်စကျွတ်တာအသက်၂၂လောက်ကတည်းကပါ အာဟာရလည်းပြည့်ဝအောင်အတတ်နိုင်ဆုံးစားသုံးပါတယ်ခင်ဗျ ဆံပင်ပြန်မပေါက်ရင်တောင် ကျွတ်တာရပ်သွားအောင်ဘာလုပ်ရမလဲဆရာ 

လင့်တွေလိုက်ရှာပြီး ဖြေလိုက်တယ်။

ကွန်မင့်တခု = ဆရာပဲ ကောင်းတယ် အေးဆေး

ဆေးပညာစာတပုဒ်ရေးတယ်ဆိုတာ သုတေသနတွေလိုက်ရှာ၊ ဘာသာပြန်၊ မေးခွန်းနဲ့ဆီလျှော်အောင်ပြုပြင် ပြန်ဖြေရတယ်။  ပြန်မဖြေခင် ဖေါင့်ပြောင်းတာလည်း လုပ်ရတယ်။ တခါတခါ သောက်လက်စ ကော်ဖီ၊ အစားအသောက်ကိုပါ မေ့ထားရတယ်။

ရန်လုပ်လုပ်၊ ဆဲဆဲ မေးရင်တော့ သိတာကို ဖြေနေပါမယ်။

ကျန်သေးတဲ့ကော်ဖီ ကုန်အောင်သောက်လိုက်ပါပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ