Nephrotic syndrome နာတာရှည်ကျောက်ကပ်ရောဂါ

၂၀၁၇ ကတည်းက ရေးထားတာ။

၁။ ဆရာ ကျနော် prednisolone ဖြတ်လိုက်တာ ကြာပါပြီ nephrotic syndromeပါ  ခုထက်ထိတော့ ယောင်ရမ်းတာမျိုး မရှိပေမယ့် ဆီးသွားတိုင်း foamy ဖြစ်နေတုန်းပါ ဆေးရုံပြန်ပြသင့်လား ဆရာ အကြံပေးပါဦး နောက်ပြီး prednisolone စွဲသောက်ရင် nephrotic syndrome က ပျောက်နိုင်မလား သိချင်လို့ပါ

၂။ အသက်က ၂၅ နှစ်ပါ။ ၁၇ နှစ်ထဲက နစ်ဖရိုးတစ်ဆင်ဒရုန်းဆိုတဲ့ရောဂါ ဖြစ်ခဲ့တာ ခုချိန်ထိ ပြန်ပြန်ပေါ်နေတယ်ဆရာ။ မကြာမကြာ ပြန်ထလေ့ရှိတယ်။ ရှင်းရှင်းလဲမပျောက်ဖူးဗျ။ မကြာခဏ ရင်ပြည့်ရင်ကယ်၊ အိပ်ခြင်တာအမြဲတမ်းလိုလို ဖြစ်နေတယ်။ ရောဂါပြန်ထလို့ မျက်နှာတွေဖေါလာတယ်ဆရာ ကူညီပါဦးဗျ။ 

နဖရောတစ်ဆင်ဒရုမ်းဆိုတာ ကျောကပ်ထဲက သွေးကြောအုပ်စုလေးတွေပျက်စီးနေတာဖြစ်တယ်။ ဆောရီး။ သွေးကိုစစ်ပြီး ဆီးဖြစ်စေတဲ့ဖြစ်စဉ်မှာ ချို့ယွင်းလာတာ ဖြစ်တယ်။ တခြားသတိထားစရာတွေလည်းရှိတယ်။ သွေးခဲဖြစ်လာတတ်တယ်။ ဖြစ်စေတဲ့အကြောင်းအမျိုးမျိုးရှိတယ်။ အဲတာကိုကုသရမယ်။

ကိုယ်ရောင်လာမယ်။ မျက်နှာနဲ့ ခြေထောက်ရောင်မယ်။ ဆီးမမြှုပ်ထမယ်။ အနည်ပါမယ်။ ကိုယ်အလေးချိန်တက်လာမယ်။

ရောဂါအဆင့်တွေရှိတယ်။

• Minimal change disease အစပိုင်းအဆင့်၊

• Focal segmental glomerulosclerosis ဂလိုမာရူလိုင်ခေါ်နေရာတချို့မှာကွက်ပြီးဖြစ်လာခြင်း၊

• Membranous nephropathy ဂလိုမာရူလိုင်အဖုံးလွှာပျက်စီးခြင်း၊ ဘီပို၊ ငှက်ဖျား၊ လူးပတ်စ်နဲ့ ကင်ဆာတွေမှာလည်း အဲလိုဖြစ်တယ်။

• Diabetic kidney disease ဆီးချိုကဆက်ဖြစ်တဲ့ကျောက်ကပ်ရောဂါ၊

• Systemic lupus erythematosus (SLE) ခုခံအားစနစ်ချို့ယွင်းလို့ဆက်ဖြစ်ခြင်း၊

• Amyloidosis အမိုင်လွိုက်ဒိုးဆစ်၊

• Blood clot in a kidney vein ကျောက်ကပ်သွေးပြန်ကြောထဲသွေးခဲခြင်း၊

• Heart failure နှလုံးအလုပ်မနိုင်တော့ခြင်း။

ကြာရင် သွေးခဲဖြစ်တာ၊ ကိုလက်စထောများတာ၊ အာဟာရချို့တဲ့တာ၊ သွေးအာနည်းတာ၊ ဗီတာမင်ဒီနည်းတာ၊ သွေးတိုးတာ၊ ရောဂါပိုးဝင်တာ နာတာရှည်ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်အလုပ်မနိုင်တော့တာတွေ ဆက်ဖြစ်လာနိုင်တယ်။

ဆီးစစ်ရင် ပရိုတင်းပါနေမယ်။ သွေးစစ်ရင် အယ်လ်ဗျူမင်နည်းနေမယ်။ ကိုလက်စထောနဲ့ ထရွိုင်ဂလစ်စထွိုက်တွေ များနေမယ်။ Serum creatinine နဲ့ blood urea များနေမယ်။ kidney biopsy အသားစဖြတ်ယူစစ်ဆေးတာလုပ်နိုင်တယ်။

Nephrotic Syndrome ကုသမှု 

ဆေးဝါးများ၊ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနှင့် စောင့်ကြည့်ခြင်း ပေါင်းစပ်ခြင်းဖြင့် ကုသပါသည်။ တိကျသောကုသမှုအစီအစဉ်သည် ရောဂါ၏နောက်ခံအကြောင်းရင်းနှင့် ပြင်းထန်မှုပေါ်မူတည်၍ ကွဲပြားမည်ဖြစ်သည်။ 

ဆေးဝါးများ 

Corticosteroids - ၎င်းတို့သည် ခုခံအားစနစ်ကို ဖိနှိပ်ပြီး ကျောက်ကပ်အတွင်း ရောင်ရမ်းမှုကို လျှော့ချပေးသည်။ 

Diuretics ဆီးဆေး - ဤအရာများသည် ခန္ဓာကိုယ်မှ ပိုလျှံနေသော အရည်များကို ဖယ်ရှားပေးပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးသည်။ 

ACE inhibitors သို့မဟုတ် ARBs- ဤအရာများသည် သွေးဖိအားကျစေပြီး ဆီးထဲတွင် ပရိုတင်းဓာတ်ဆုံးရှုံးမှုကို လျှော့ချပေးသည်။ 

Statins - nephrotic syndrome တွင် မြင့်မားစေသည့် ဤလက်စထရောပမာဏ နည်းပါးသည်။ 

Anticoagulants - ၎င်းတို့သည် nephrotic syndrome တွင် အန္တရာယ်ဖြစ်စေနိုင်သော သွေးခဲခြင်းကို ကာကွယ်ပေးသည်။ 

Immunosuppressants - ခုခံအားစနစ်ကို ဖိနှိပ်ရန်နှင့် ကျောက်ကပ်ကို နောက်ထပ်ပျက်စီးခြင်းမှ ကာကွယ်ရန် ပြင်းထန်သောကိစ္စများတွင် အသုံးပြုနိုင်သည်။

လူနေမှုပုံစံ ပြောင်းလဲမှုများ 

ဆားနည်းသောအစားအစာ- ၎င်းသည် သွေးပေါင်ချိန်နှင့် ရောင်ရမ်းခြင်းကို လျှော့ချပေးသည်။ 

ပရိုတင်းဓာတ်ကို အကန့်အသတ်ဖြင့် စားသုံးခြင်း- အချို့ကိစ္စများတွင် ကျောက်ကပ်ပျက်စီးမှုကို ကာကွယ်ရန် ၎င်းသည် လိုအပ်နိုင်သည်။ 

ပုံမှန်လေ့ကျင့်ခန်းသည် အလုံးစုံကျန်းမာရေးနှင့် ကျောက်ကပ်လုပ်ငန်းဆောင်တာကို တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်သည်။ 

စောင့်ကြည့်ခြင်း- 

ကျောက်ကပ်လုပ်ဆောင်ချက်၊ ပရိုတင်းပမာဏနှင့် အခြားအရေးကြီးသော လက္ခဏာများကို စောင့်ကြည့်ရန် သွေးနှင့် ဆီးကို ပုံမှန်စစ်ဆေးရန် လိုအပ်ပါသည်။ 

သွေးဖိအားကို အနီးကပ်စောင့်ကြည့်ပြီး ထိန်းချုပ်သင့်ပါတယ်။ 

ကိုလက်စထရောပမာဏကိုလည်း စောင့်ကြည့်ထိန်းညှိပေးသင့်ပါတယ်။ 

အခြားထည့်သွင်းစဉ်းစားချက်များ- 

အချို့သော အခြေအနေများတွင် ကျောက်ကပ် ဆိုးရွားစွာ ပျက်စီးနေပါက ကျောက်ကပ် အစားထိုး ကုသမှု လိုအပ်ပါသည်။ 

အစောပိုင်းရောဂါရှာဖွေခြင်းနှင့် ကုသခြင်းသည် nephrotic syndrome ၏ရလဒ်များ တိုးတက် ကောင်းမွန်ရန်အတွက် အရေးကြီးပါသည်။ 

လူနာများသည် ပုဂ္ဂိုလ်ရေးသီးသန့် ကုသမှုအစီအစဉ်ကို ရေးဆွဲရန်နှင့် နောက်ဆက်တွဲ ပုံမှန်ပြုလုပ်ရန် ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် အနီးကပ် လုပ်ဆောင်သင့်သည်။

• သွေးတိုးကျဆေး benazepril (Lotensin), captopril (Capoten) နဲ့ enalapril (Vasotec) ဆေးတွေပေးတယ်။ losartan (Cozaar) နဲ့ valsartan (Diovan) ဆေးတွေလည်းသုံးတယ်။

• ဆီးသွားစေတဲ့ furosemide (Lasix) နဲ့ spironolactone (Aldactone) ဆေးတွေပေးမယ်။

• ကိုလက်စထောကျဆေးတွေလည်းပေးမယ်။ atorvastatin (Lipitor), fluvastatin (Lescol), lovastatin (Altoprev, Mevacor), pravastatin (Pravachol), rosuvastatin (Crestor) နဲ့ simvastatin (Zocor) ဆေးတွေဖြစ်တယ်။

• သွေးခဲအတွက် သွေးကျဲဆေး heparin နဲ့ warfarin (Coumadin) ဆေးတွေပေးမယ်။

• ရောဂါပြီးစနစ်နှိမ်ထားဘို့ corticosteroids ဆေးလည်းပေးတယ်။

အစားအသောက်မှာ အဆီနည်းအသားရွေးစားပါ။ ဆာ (ဆိုဒီယမ်) လျော့စားပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ