၃၉ နှစ်

(ကန်​တော့)

မင်္ဂလာပါ သားရဲ့ကောင်းမလေးက အသက် ၃၉ရှိပါပြီ ရာသီမလာဘူးဖြစ်နေတယ် ဘာကြောင့်ပါလဲဆရာ

ကောင်မလေးလို့ရေးချင်တာကို ကောင်းမလေးလို့ရေးတာတော့ အ​ကြောင်းမဟုတ်လှပါ။

အသက် (၃၉) နှစ်ဆိုရင် အမျိုးသမီးလို့ ရေးသင့်တယ်။

အဲလိုပဲ သမီးကောင်လေးလို့လည်းရေးကြတာ ခဏခဏလာတယ်။ သမီးကောင်လေးလည်း (၃၉) နှစ်ဆိုရင် သမီးဆိုသူက သွေးဆုံးလောက်ပြီ။ (ကန်တော့)။

တချို့ကလည်း ညမ တဲ့။ ညထွက် ပိုက်ဆံရှာသူလို ထင်​စေမယ်။

ကျယ်မ ပိုရိုင်းတယ်။

အသက် ၅၀ နားကပ်နေသူ အမျိုးသားတချို့ကလည်း ယောက်ျားလေးလို့ ရေးနေတယ်။ 

မိန်းကလေးနဲ့ အမျိုးသမီး ခွဲခြားမရေးတတ်ကြသူတွေ အတော်ကိုများတယ်။ 

ကျွန်တော့်မိန်းမလို့ရေးတာ ရိုင်းတယ်။ ဇနီးလို့ ရေးသင့်တယ်။ ကျမခင်ပွန်း၊ အမျိုးသား၊ အိမ်​ထောင်ဘက် သင့်မှန်တယ်။

လူမြင် အဘလို့​ခေါ်တဲ့​ခေတ်ကစပြီး ယဉ်​ကျေးတဲ့ အ​ခေါ်အသုံး​တွေ ပျက်စီးလာတာ။

ကျွန်​တော်၊ ကျ​နော်၊ ကျမ၊ ဗျ၊ ရှင် စကားလုံး​တွေ ရှားပါးကုန်ပြီ။

ဒေါက်တာတင့်ဆွေ

၂၃-၄-၂၀၁၇

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ