Brain atrophy ဦးနှောက်သေးသွားခြင်းရောဂါ

မောင်လေး ဖြစ်နေတာပါ ဆရာ ဦးနှောက်ကျုံ့ရောဂါလို့ပြောပါတယ် ဘာဆက်လုပ်ရမလည်းဆရာ။အမကလည်း တငိုငို တရီရီ ဖြစ်နေလို့ပါ ဆရာ။

စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က လမ်းညွှန်ပါမယ်။

ဟုတ် ကုသဖို့ လမ်းမရှိဘူး ပြောပါတယ် ဆရာ။ ဒီရောဂါ ပါတ်သက်သည့် ဆရာ့ဆောင်းပါ လေးတွေ ဖတ်ချင်လို့ပါဆရာ

ရေးထားတာ မရှိသေးပါ။ အချိန်ရတော့ ရှာဖွေ ရေးသားတင်ပြပါမယ်။

ဟုတ်ကဲ့ပါ ဆရာ ဆရာ့ ဆောင်းပါးကိုမျှော်လင့်နေပါမယ် 

Brain atrophy ဆိုတာ ဦးနှောက်ဆဲလ်များ (နျူရွန်များ) နဲ့ သူတို့ရဲ့ဆက်သွယ်မှုတွေ တဖြည်းဖြည်း ဆုံးရှုံးသွားခြင်းရောဂါဖြစ်တယ်။ ဦးနှောက်အရွယ်အစား သေးလာတယ်။

အကြောင်းရင်းများ

- ပုံမှန်အိုမင်းခြင်းနဲ့ ဦးနှောက်သွေးကြောဖောင်းခြင်း အထူးသဖြင့် အသက် ၆၀ နောက်ပိုင်းမှာ တွေ့ရတယ်။

- Cerebral palsy 

- ဦးနှောက်ရောင်ခြင်း

- HIV နှင့် AIDS 

- Huntington ရောဂါ

- Leukodystrophies

- လေဖြတ်ခြင်း

- ဆစ်ဖလစ်

- ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်း

- အယ်လ်ဇိုင်းမားရောဂါ

ရောဂါလက္ခဏာများ

- Aphasia စကားပြောရခက်ခြင်း

- စာရေးရန်ခက်ခဲခြင်း

- စကားလုံးများ၏ အဓိပ္ပါယ်ကို နားမလည်နိုင်ခြင်း

- Dementia ဖြစ်လာခြင်း

- ဘာသာစကားပျောက်ဆုံးခြင်း။

- မှတ်ဉာဏ်ပြဿနာများ

- စိတ်နေစိတ်ထား နှင့် ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲခြင်း 

- ဆုံးဖြတ်ချက် မှားခြင်း

- တက်ခြင်း

- သတိလစ်ခြင်း

- သွားများ တင်းနေခြင်း

ရောဂါဟုတ် မဟုတ်ကို CT စကင်န်၊ MRI နဲ့သိနိုင်တယ်။

ကုသရေး

- ဆေးဝါး

- ရုပ်ပိုင်းဆိုင်ရာနှင့် လုပ်ငန်းခွင်ကုထုံး

- ဆွေးနွေးတိုင်ပင်ခြင်း

- စကားပြောကုထုံး

- အချို့ကိစ္စများတွင် ခွဲစိတ်မှု။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ