DFSP အရေပြားကင်ဆာ

 

ဆရာဗျ သားကိုဆေးသွင်းရမယ်ပြောနေတယ်ဗျ ကင်ဆာဆေးသွင်းရမယ်တယ့် ပြီးမှဓာတ်ကင်ရမယ်တယ့် Dermatofibrosacom လို့ပဲပြောတယ်ဗျ ဒီရောဂါက ကီမိုဆေးသွင်းဖို့လိုအပ်လားဗျဆရာကြီးဗျ အကြိတ်ကိုကခုထိမခွဲရသေးပါ အရင်အသားစအဖြေကိုကြည့်ပြီးဆေးသွင်းရမယ်ပဲပြောနေတယ်ဗျ။

ဟုတ်။

စမ်းသပ်ကုသပေးနေတဲ့ အထူးကုဆရာဝန်က အကောင်းဆုံး ကုသပေးပါမယ်။

Dermatofibrosarcoma protuberans (DFSP) သည် ရှားပါးပြီး၊ ကြီးထွားမှုနှေးကွေးသော အရေပြားကင်ဆာ အမျိုးအစားဖြစ်သည်။ အရေပြားအလယ်လွှာမှအစပြုသည်။ ကင်ဆာအကျိတ်ဟု ယူဆသော်လည်း ပျံ့နှံ့မှုမရှိသလောက် ဖြစ်သည်။ မှန်ကန်သောကုသမှုဖြင့် အသက်ရှင်နှုန်းမြင့်မားသည်။ မာသော အဖုအကြိတ် သို့မဟုတ် plaque အပြားအဖြစ် ပေါ်လာပြီး ကြီးထွားမှု နှေးကွေးနေချိန်တွင် ပတ်ဝန်းကျင်ရှိ တစ်ရှူးများသို့ ချဲ့ထွင်နိုင်သောကြောင့် စောစီးစွာ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းသည် အရေးကြီးပါသည်။

တခါတရံတွင် အရောင်ပြောင်းသွားခြင်း (ခရမ်းရောင်-အနီရောင် သို့မဟုတ် အပြာရောင်) ဖြင့် ခိုင်မာပြီး အဖုအတုံးများ သို့မဟုတ် plaque အဖြစ် ပြသလေ့ရှိသည်။ 

တဖြည်းဖြည်းကြီးထွားလာသော်လည်း ပတ်ဝန်းကျင်ရှိ အဆီများ၊ ကြွက်သားများနှင့် အရိုးများအထိ ချဲ့ထွင်နိုင်သည်။ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့ခဲသည်။ 

ကုသမှု 

ခွဲစိတ်ဖယ်ရှားခြင်း၊ တခါတရံ Mohs micrographic ခွဲစိတ်မှုသည် အဓိကကုသမှုဖြစ်သည်။ 

အောင်မြင်သောခွဲစိတ်ဖယ်ရှားပြီးနောက်တွင်ပင် ပြည်တွင်း၌ ပြန်ဖြစ်နိုင်ခြေမြင့်မားသည်။ 

DFSP သည် တိကျသောမျိုးရိုးဗီဇပြောင်းရွေ့ခြင်း (t(17;22)) နှင့်ဆက်စပ်နေသည်။

DFSP သည် အသက် ၃၀၊ ၄၀ နှင့် ၅၀ အရွယ်တို့တွင် အများဆုံးဖြစ်သငည်။ အမျိုးသားများ အနည်းငယ်ပိုများသည်။ 

ဖြေပြီးပြီး ပြောရဦးမည်။

ဆရာဝန်ဆီကိုစာရေးတဲ့အခါ သား၊ သမီး၊ အဘ စသည် အမျိုးစပ် မရေးသင့်။

အခုမေးခွန်းကို ဖတ်ရင် ဖြစ်တဲ့သူက သူ့သားအကြောင်းပြောတာလို့ ယူဆရတယ်။

ဆရာ၊ ကျွန်တော် (ကျနော်)၊ ကျမ ထက် ယဉ်ကျေးတဲ့အသုံးစကား မရှိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ