Drug allergies ဆေးဝါးနှင့် ဓာတ်မတည့်ခြင်း
မတည့်တဲ့ဆေးတွေ ထိုးတိုင်း၊ သောက်တိုင်း၊ သွင်းတိုင်းမှာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မတည့်တဲ့ဆေးကို ရန်သူအဖြစ် မှားယွင်းသတ်မှတ်လိုက်လို့ တုံ့ပြန်မှုတွေဖြစ်လာတယ်။
လက္ခဏာအမျိုးမျိုးကို ဖြစ်စေနိုင်တယ်။ သာမန်အဆင့်ကနေ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ anaphylaxis အထိ ဖြစ်နိုင်တယ်။
ဆေးဓာတ်မတည့်ခြင်း၏ အဖြစ်များသော လက္ခဏာများ
၁။ အပျော့စား တုံ့ပြန်မှုများအရေပြားနီမြန်းခြင်း။
1. အင်ပျဉ်
2. ယားယံခြင်း။
3. နှုတ်ခမ်း၊ လျှာ သို့မဟုတ် မျက်နှာ ရောင်ရမ်းခြင်း။
၂။ ပြင်းထန်သော တုံ့ပြန်မှုများ (Anaphylaxis)
1. အသက်ရှူရခက်ခြင်း။
2. အသက်ရှူကြပ်ခြင်း။
3. လည်ချောင်းရောင်ခြင်း။
4. မူးဝေခြင်း၊ ပေါ့ပါးခြင်း သို့မဟုတ် သတိလစ်ခြင်း။
5. သွေးခုန်နှုန်းမြန်သည်။
6. ပျို့ခြင်း၊ အော့အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း။
7. ဝမ်းဗိုက်နာခြင်း။
၃။ နောင်အချိန်ကျမှဖြစ်တဲ့ နှောင့်နှေးတုံ့ပြန်မှုများ
ဆေးသောက်ပြီးနောက် နာရီ၊ ရက် သို့မဟုတ် သီတင်းပတ်များပင် ပေါ်လာနိုင်သည်။ အဖျားတက်ခြင်း၊ အဖုအပိန့်များနာကျင်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အဖြစ်များသော ဆေးဝါးများ
1. ပဋိဇီဝဆေးများ (ပင်နယ်စလင်နှင့် ဆာလ်ဖာ)
2. NSAIDs (Aspirin နှင့် Ibuprofen ကဲ့သို့) အနာအကိုက်သက်သာဆေးများ
3. Chemotherapy ကင်ဆာဆေးများ
4. အင်တီအောက်ဆီးဒင့်ဆေးများ
5. ဓါတ်ခွဲခန်းသုံး ဆိုးဆေးများ (ပုံရိပ်စကင်န်များတွင်သုံးသည်)
6. အင်စူလင် ဆီးချိုထိုးဆေး (အထူးသဖြင့် တိရစ္ဆာန်မှရရှိသော အင်စူလင်)၊
ဆေးနဲ့ တည့် မတည့်ကို ဘယ်လိုအတည်ပြုမလဲ
အရေပြားစမ်းသပ်ခြင်း လုပ်နိုင်တယ်။ ဥပမာ ပနယ်စလင် မထိုးမီ။
ရောဂါလက္ခဏာများ၊ ဖြစ်ပေါ်လာသည့်အချိန်နှင့် မည်သည့်ဆေးများကို သောက်နေသလဲ မေးမြန်းပါမယ်။
တိကျသောသွေးစစ်ဆေးမှုမရှိပါ
ဆေးဝါးဓာတ်မတည့်မှုအများစုအတွက် တိကျသေချာသော သွေးစစ်ဆေးမှုမရှိပါ။
ဆေးဝါးဓာတ်မတည့်မှုများအတွက် ကုသမှု
1. ဆေးရပ်ခြင်း။ ကုသခြင်း၏ ပထမအဆင့်မှာ တုံ့ပြန်မှုဖြစ်စေသော ဆေးကို ရပ်တန့်ရန်ဖြစ်သည်။
2. Antihistamines ဆေးပေးခြင်း။
3. Corticosteroids ဆေးကို ပိုမိုပြင်းထန်တဲ့အခြေအနေများမှာ ရောင်ရမ်းမှုကို လျှော့ချရန် ပေးမည်။
4. Epinephrine ဆေး (အရေးပေါ်ဆေး) epinephrine (EpiPen ကဲ့သို့) ဆေးရုံ ဆေးခန်းတိုင်းမှာ မရှိမဖြစ်လိုအပ်တယ်။
5. ဆေးရုံတက်ကုသမှုခံယူခြင်း။ ပြင်းထန်တဲ့ ဓာတ်မတည့်မှုတုံ့ပြန်မှုတွေကို စောင့်ကြည့်ခြင်းနှင့် ပံ့ပိုးစောင့်ရှောက်မှုအတွက် လိုအပ်တယ်။
Allergy Relief Kit အလာဂျီရှေးဦးသူနာပြု https://dr-tint-swe.blogspot.com/.../allergy-relief-kit.html
EPI Pen အလာဂျီထိုးဆေး https://dr-tint-swe.blogspot.com/2021/07/allergy-relief-kit.html
Allergies Treatment (အလာဂျီ) ကိုကုသခြင်း https://dr-tint-swe.blogspot.com/2021/01/allergies-treatment.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment