LCH ရောဂါ

မင်္ဂလာပါဆရာ ကျမသားလေးအသက်က ၃နှစ်ပါဆရာ ၂၀၂၄/၁၀လပိုင်းလောက်က ခေါင်းအနောက်ဘက်(ခေါင်းနောက်ဘက်)နာရွက်နဲ့ နောက်စေ့ကြား ဘယ်ဘက်မှာ အကြိတ်(အကျိတ်)ထွက်လာလို့ပါဆရာ တဖြေးဖြေးကြီးလာတယ်ဆရာ ခလေးဆရာဝန်နဲ့ပြပြီးနောက် ဦးခေါင်းခွဲစိတ်နဲ့ညွန်တော့ ct scan ရိုက်ရပါတယ်ဆရာ ရိုပ်(ရိုက်)တော့ အကြိတ်(အကျိတ်)က အရိုးစားနေလို့ အရေးပေါ်ခွဲလိုက်ရပါတယ် ခွဲပြီးအသားစစစ်တော့ ကင်ဆာဖြစ်နေပါတယ်ဆရာ LCH အမျိုးစားတဲ့ဆရာ အခု ကီမိုသရဖီ သွင်းနေရပါတယ်ဆရာ သိချင်တာက ဆေးကုသမှုခံယူပြီး ပျောက်ကင်းနိုင်လားဆရာ ပြန်ဖြစ်နိုင်လားသိချင်လို့ပါ မိဘတရောက်(တယောက်)အနေနဲ့ အရမ်းစိတ်သောကရောက်နေလို့ပါဆရာ ကျေးဇူးပြုပြီးစာလေးအကြောင်းပြန်ပေးပါ။

Langerhans cell histiocytosis (LCH) သည် ရှားပါးသည့် ရောဂါအမျိုးအစားတခုဖြစ်သည့။ သည် ခန္ဓာကိုယ်အတွင်း အရေပြား၊ အဆုတ်နှင့် အရိုးများတွင် စုပုံနေသည့် ရှားပါးရောဂါတခုဖြစ်သည်။ ဤဆဲလ်များသည် အကျိတ်များဖြစ်ပေါ်လာနိုင်သည် သို့မဟုတ် တစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေနိုင်သည်။ 

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရာတွင် တစ်ရှူးများ၏ အသားစယူစစ်ဆေးခြင်း၊ သွေးစစ်ခြင်းနှင့် X-rays၊ CT scans သို့မဟုတ် MRI ကဲ့သို့သော ပုံရိပ်ဖော်ခြင်းစကင်န်များ ပါဝင်ပါသည်။ 

ကုသမှု

LCH အတွက် ကုသမှုတွင် ခွဲစိတ်မှု၊ ဆေးဝါးများ (စတီရွိုက်များ သို့မဟုတ် ခီမိုသာရာပီကဲ့သို့) နှင့် ဓာတ်ရောင်ခြည်ကုထုံးများ ပါဝင်နိုင်သည်။ 

အလားအလာ

LCH သည် ရောဂါ၏အတိုင်းအတာနှင့် တဦးချင်းစီ၏ အသက်အပေါ်မူတည်၍ ကွဲပြားသော်လည်း လူနာများစွာသည် သင့်လျော်သောကုသမှုဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ