Missed miscarriage ကိုယ်ဝန်ပျက်ကျခြင်း

(ကန်တော့)

အသက် ၂၁၊ အမျိုးသမီး၊ အိမ်ထောင်ရှိ၊ ကလေးမရှိသေး၊ ရာသီမပေါ်တာ တစ်လ(တလ)ကျော်ပါပီ(ကျော်ပါပြီ)။ အာတရာဆောင်းရိုက်တော့ ကိုယ်ဝန် ၄ ပတ် ရှိပီ(ပြီ)သိရပြီး ယခု ဆီးခုံတွေ ကိုက်ခဲနေသည်မှာ ကိုယ်ဝန် မမြဲချင်လို့လား သိချင်လို့ ဖြေကြားပေးပါ ဆရာ။

Missed miscarriage ဆိုတာ တမင်တကာဖျက်ခြင်းမဟုတ် အလိုလိုပျက်ကျခြင်းကို ခေါ်တယ်။

အများစုဟာ ပဌမသုံးလပတ်တွင်းဖြစ်တယ်။ ၈၀% တို့ဟာ ကိုယ်ဝန် ၁၂ ပတ်မတိုင်ခင် ပျက်တယ်။ ၁၂ ပတ်နောက်ထိရှိတဲ့ ကိုယ်ဝန်အများစုဟာ ကျန်းမာတဲ့ကိုယ်ဝန်ရနိုင်ကြတယ်။

ကိုယ်ဝန်ပျက်ခြင်း အဓိကလက္ခဏာများနှင့် လက္ခဏာများ

ပျို့အန်ခြင်း၊ ရင်သားတင်းမာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစာစားချင်စိတ်များခြင်းလို လက္ခဏာတွေ နည်းလာ ဒါမှမဟုတ် မရှိခြင်း။ 

သွေးစက်ကျခြင်း၊ နီညိုရောင်၊ ပန်းရောင်ဆင်းခြင်း။ သွေးနီရောင်အနည်းငယ်ဆင်းခြင်း။

ကြွက်တက်ခြင်း၊ ဆီးစပ်နေရာမှာ ကိုက်ခြင်း။

အဲလိုရောဂါလက္ခဏာတွေမရှိခြင်းလည်း ဖြစ်နိုင်တယ်။

အာထရာဆောင်းရိုက်မှ သိသာမယ်။ လိုအပ်ရင် ရက်ချိန်းမှာ ပြန်ရိုက်ရမယ်။

သားအိမ်ထဲမှာ သန္ဓေသားသေဆုံးသွားပြီး အလိုလိုထွက်မကျ သို့မဟုတ် သားအိမ်မဖြစ်ရ မထုတ်ရသေးသော ကိုယ်ဝန်ပျက်ကျခြင်းသည် သိသာသောလက္ခဏာများ ပြလေ့မရှိ။ ဒါပေမဲ့ တချို့မှာ ပျို့အန်ခြင်းနှင့် ရင်သားတင်းမာခြင်းကဲ့သို့သော ကိုယ်ဝန်ရှိဟလက္ခဏာတွေ နည်းသွားခြင်း ဒါမှမဟုတ် ပျောက်ကွယ်သွားခြင်း ကြုံတွေ့ရနိုင်တယ်။ အချို့ကိုယ်ဝန်ပျက်ကျခြင်းကို D&C သားအိမ်ခြစ်ပေးရန် လိုအပ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ