Neck Glands လည်ပင်းအကျိတ်

မဂ်လာပါဆရာ အကျိတ်အကြောင်းရှာဖတ်ရင်းက ဆရာရေးထားတာလေးတွေဖတ်မိလို့ပါ ဆရာ သမီး သားလေးက တစ်နှစ်(တနှစ်)ပါ ပုံပါဝိုင်းပြထားသလိုနေရာ သားလေးရဲ့ဆံပင်ပေါက်ရာအောက်ဘက်နဲ့ဂုတ်မရောက်ခင်မှာ အကျိတ်လေး တွေ့လို့ပါဆရာ ဘယ်ကော ညာကော ၂ဖက် ၂လုံးတွေ့ပါတယ် စမ်းကြည့်တော့ ရွေ့ပါတယ်ဆရာ ပျော့လဲပျော့ပါတယ် အရွယ်အစားကတော့ ဖရဲသီးစေ့လောက်ပဲရှိပါတယ် စိုးရိမ်ရလားဆရာ ဆေးခန်းပြရင်ကော ကလေးဆိုတော့ကလေးဆရာဝန်ဆီသွားရမလား အကျိတ်နဲ့ပက်သက်တာကုသပေးတဲ့ဆရာဝန်ဆီသွားရမလား ညွှန်ပေးပါဦးဆရာ

Most common neck glands in kids ကလေးတွေမှာ အဖြစ်အများဆုံး လည်ပင်းအကျိတ်များ

ပိုးဝင်ခြင်း သို့မဟုတ် ရောင်ရမ်းမှုကြောင့် ရောင်ရမ်းခြင်း ကလေးများတွင် အဖြစ်အများဆုံးဖြစ်သည်။

ရောဂါဗေဒအရ lymph node များဖြစ်သည်။ Glands များဟု ခေါ်သည်။ အရပ်ခေါ် တက်စိလို့လည်းခေါ်သည်။

အအေးမိ၊ လည်ချောင်းနာ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ ထိခိုက်ဒဏ်ရာတခုခုရတိုင်း၊ ရောဂါပိုးတခုခုဝင်တိုင်း တွေ့တတ်သည်။

Lymph node များသည် သေးငယ်ပြီး lymphatic လင့်ဖ်အရည်များကို စစ်ထုတ်ကာ ခန္ဓာကိုယ်၏ ခုခံအားစနစ်၏ အစိတ်အပိုင်းတခုဖြစ်သည်။ 

Cervical Lymph Nodes များသည် လည်ပင်းတွင်ရှိပြီး ဦးခေါင်းနှင့် လည်ပင်းနေရာတို့နှင့်ဆိုင်သည်။

lymph node များ ရောင်ရမ်းခြင်းကို lymphadenopathy ဟုခေါ်ပြီး ၎င်းသည် သက်ဆိုင်ရာဧရိယာတခု သို့မဟုတ် ခန္ဓာကိုယ်အနှံ့ ဖြစ်ပွားနိုင်သည်။ 

ရောင်ရမ်းနေသော lymph nodes များသည် ပျော့ပျောင်းပြီး အလိုလိုပျောက်နိုင်သည်။ 

တခါတရံ ရောဂါပိုးအတွက် ပိုးသေဆေးပေးရမည်။

TB ပိုးကြောင့်လည်း ဖြစ်နိုင်သည်။ တီဘီဆေး ပေးရမည်။ 

ပြည်တည်တာ ရှားသည်။ ပြည်တည်လျှင် ပိုပေးဆေး + အနာသက်သာဆေး + ပြည်ထွက်စေအောင် လုပ်ပေးရမည်။

အကျိတ်ကြီးမားခြင်း၊ မာကြောခြင်း၊ သို့မဟုတ် ပုံသဏ္ဍာန်ပုံမမှန်ခြင်းတို့ကြောင့် လူကြီးများတွင် ကင်ဆာနှင့် ဆက်စပ်နိုင်သည်။ 

ကလေးများတွင် ပိုးသေသွားသော်လည်း အကျိတ်ကျန်နေတတ်သေးသည်။

TB Neck Glands လည်ပင်း အကျိတ် https://dr-tint-swe.blogspot.com/2024/07/tb-neck-glands.html

Neck Glands လည်ပင်း အကျိတ် https://dr-tint-swe.blogspot.com/2021/05/neck-glands.html

childnurture.com

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ