Penpulimab ဆေးကို ရှားပါးဦးခေါင်းနှင့် လည်ပင်းကင်ဆာအတွက် FDA က အတည်ပြု

၂၅-၄-၂၀၂၅

non-keratinizing nasopharyngeal carcinoma (NPC) ခေါ်တဲ့ ရှားပါးတဲ့ ဦးခေါင်းနှင့် လည်ပင်းကင်ဆာ အတွက်ဖြစ်တယ်။

Penpulimab ဆေးကနေ ပြန်လာ သို့မဟုတ် ပြန့်ပွားနေသည့် အဆင့်မြင့် NPC အတွက်ဖြစတယ်။ 

NPC ဆိုတာ လည်ချောင်းအပေါ်ပိုင်း၊ နှာခေါင်းနောက်မှာရှိတဲ့ nasopharynx နေရာမှာဖြစ်တယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ နှစ်စဉ် ကမ္ဘာတဝှမ်း လူနာသစ် ၁၃၃,၀၀၀ ခန့်ရှိတယ်။

၇၀% ခန့်တို့ဟာ အီလိအဆင်ြရောက်နေကြပြီ။ 

Penpulimab ဆေးဟာ ခုခံအားစနစ်ကို အထောက်အကူပြုတဲ့ ဓာတ်ခွဲခန်းလုပ်ပဋိပစ္စည်းဖြစ်တယ်။ 

သုံးပတ်မှာ တကြိမ် သို့မဟုတ် လူနာ၏ အခြေအနေပေါ် မူတည်၍ နှစ်နှစ်အထိ IV နဲ့ပေးရတယ်။

အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးများ

ပျို့ခြင်း၊ အော့အန်ခြင်း၊ သိုင်းရွိုက်လုပ်ဆောင်မှုနည်းခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာစားချင်စိတ်နည်းပါးခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ချောင်းဆိုးခြင်း၊ COVID-19 ကူးစက်ခံရခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နီမြန်းခြင်း၊ အဆစ်နဲ့ ကြွက်သားနာကျင်ခြင်း၊ အဖျားတက်ခြင်းတို့ ဖြစ်တယ်။ 

တချို့မှာ အဆုတ်ရောင်ခြင်း၊ အသည်း သို့မဟုတ် အူသိမ်အူမပြဿနာများ၊ ဟော်မုန်းဆိုင်ရာ ပြဿနာများ၊ ကျောက်ကပ်ပြဿနာနှင့် အရေပြားတုံ့ပြန်မှုတွေလို ကိုယ်ခံအားနဲ့ဆိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ