Small bumps under palm skin လက်ဝါးထဲက အကျိတ်

မ( - ) အသက် ၃၀ ပုံထဲးကလို အသားမာစေ့ သေးသေးလေးတွေပေါက်နေတာ ၈ နှစ်လောက်ရှိပါပြီဆရာ အခုနောက်ပိုင်း တဖြည်း၂ ပွားလာလို့ ဘာဆေး စားသင့်လဲးဆရာ ကျေးဇူးပါဆရာ။

ပုံထဲမှာ သေချာတော့ မမြင်ရပါ။ 

၈ နှစ်ကြာတာ အလုံးအကျိတ် ကင်ဆာ မဟုတ်နိုင်။ ဒီအတိုင်း ထားနိုင်။

တချို့က အလိုလိုပျောက်တယ်။

လက်ဝါးပုံပန်းပြောင်းသွား မသွား သတိထားနေရပါမယ်။ ဥပမာ Dupuytren contracture အတွင်းကောက်ဝင်နေတာမျိုး။ အဲလိုဟာမျိုးက လက်ချောင်းအရင်းနေရာမှာရှိတယ်။ 

ပုံအရတော့ လက်ဝါးပုံပန်း ပုံမှန်သာဖြစ်ပါတယ်။ အစိလေးတွေတည်နေရာလည်း လက်ဖနောင့်နေရာမှာလို့ ထင်ရတယ်။

လူအမည် မလိုပါ။ 

ထဲ နဲ့ လဲ မှာ ဝစ္စပေါက် မလိုပါ။

နောင်မှာ လိုလာရင်လည်း မေးလိုက မေးနိုင်။

ပုံက မေးတဲ့သူပို့တာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ