The Psychology of Superstition အယူစွဲများ၏ စိတ်ပညာ

ခုရက်တွေမှာ ဖတ်ရတဲ့သတင်းတပုဒ်ကြောင့် ဒီစာကိုရေးပါတယ်။ အဲဒီအဖြစ်အပျက်ကို မသိပါ။ အယူစွဲများ၏ စိတ်ပညာကို သုတေသနစာတမ်း ၂ ခုကိုအခြေခံ ရေးပါမယ်။ အားလုံးက အမေရိကန်။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်လို့ရတယ်။

စိတ်ဆေးပညာမှာ Superstition, Ritual, or Anxiety အယူစွဲ၊ ဓလေ့ထုံးတမ်းနဲ့ စိုးရိမ်စိတ်လို့ ရှိတယ်။
သင်ဟာ သူများတွေနဲ့အတူတူပဲသာဆိုရင် အယူစွဲတွေအရစဉ်းစားတွေးတောတာနဲ့ အမူအယာတွေကို အဖြစ်မှန်ရယ်လို့ သဘောမပေါက်ပဲ တွေးထင်တဲ့အတိုင်း၊ သူများတွေလုပ်တဲ့အတိုင်း လိုက်ပါလုပ်ဆောင်သူတယောက်ဖြစ်ပါမယ်။
ဗေဒင်ဟောစာတမ်းတွေ ဖတ်တာ၊ အဲတာတွေအတိုင်း လိုက်နာလုပ်ဆောင်တာ၊ ကြောင်နက်မြင်တာကို နိမိတ်ဆိုးလို့ တွက်တာ၊ စသည်။ အမေရိကန်လူမျိုး တဝက်ကျော်က အဲလိုဟုတ်ပါတယ်လို့ ဝန်ခံကြတယ်။
ဘောလုံးသမားတွေ မကစားမီနဲ့ ဂိုးသွင်းနိုင်ချိန်မှာ သူတို့ ဓလေ့ထုံးတမ်းအရ လုပ်ကြတယ်။ သူတို့မန်နေဂျာတွေကလည်း သူတို့သဘောကျတာကို လုပ်စေတယ်။ အဲတာမျိုးက အယူသီးတာ မဟုတ်ပါ။ တကယ်လို့ ဘောလုံးကို ဘယ်နှစ်ကြိမ် လက်နဲ့ ခေါက်နည်းကိုလုပ်တယ်ဆိုရင်တော့ အဲတာ အယူသီးသာဖြစ်တယ်။ အဲတာကို စိတ်ဆေးပညာမှာ obsessive compulsive disorder (OCD) လို့သတ်မှတ်တယ်။ တခြားစိတ်ပညာရှင်တယောက်ကတော့ အဲတာဟာ anxiety disorders ထဲမှာပါတယ်။ အယူစွဲမဟုတ်ပါတဲ့။
Anxiety စိုးရိမ်စိတ်၊ Tension စိတ်ဖိအား၊ Excessive worry အလွန်စိုးရိမ်မှု၊ Trouble sleeping အိပ်မရခြင်း၊ Obsessive thoughts စွဲလမ်းနေတာကိုသာ တွေးနေခြင်းနဲ့ Exhaustion အားကုန်သွားခြင်းတွေဖြစ်လာမယ်။
အယူသီးခြင်းမှာ Driving Forces တွန်းအားရှိတယ်။ ထိမ်းနိုင်စွမ်းနဲ့ သေချာမှုကိုရချင်နေလို့။ တခါတလေမှာ မှားနေတာ တခုခုကို စိတ်ကူးနဲ့ဖန်တီးခြင်းဟာ ဘာတခုမှ မရှိတာထက် ကောင်းတတ်တယ်။
Friend or Foe ရန်သူလား မိတ်ဆွေလား
အယူသီးခြင်းကနေ လုံခြုံမှုနဲ့ ကိုယ်ကိုယ်ကိုယုံကြည်မှုတွေ ရလာနိုင်တယ်။ ကံကောင်းမယ်လို့ မှတ်ယူတဲ့ အရောင်ပါ အဝတ်အစား ရွေးဝတ်တာမျိုး။ ဆေးပညာမှာ placebo effects လို့ခေါ်တယ်။ လူနာကို တကယ့်ဆေးမဟုတ်တာ တခုခု ပေးပြီး ကုသနည်းရှိတယ်။ အယူသီးခြင်းရဲ့ မကောင်းစေတဲ့ ဘဝပါပျက်စေနိုင်တာအချက်ကတော့ လောင်းကစားရာမှာ အဲလိုမှတ်ယူ အသုံးပြုခြင်း ဖြစ်တယ်။
Phobic superstitions ခေါ်တဲ့ ကြောက်စိတ်ကနေလည်း စိုးရိမ်စိတ်တွေလွန်ကဲစေမယ်။ ဥပမာ သောကြာနေ့ ၁၃ ရက် ညကို ကြောက်နေသူမျိုး။
ကလေးတွေမှာလည်း အယူသီးမှုရှိနိုင်တယ်။ အမျိုးသမီးတွေက ပိုအဖြစ်များတယ်။ စိတ်ရောဂါလူနာ အရေအတွက်အရ ပြောတာဖြစ်တယ်။
စုန်း၊ တစ္ဆေ၊ ကဝေ၊ မှော်အတတ်၊ ဟယ်လိုဝင်းသင်္ကေတတွေကို လက်ခံလိုက်တာ ယုံကြည်တာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ ပိုများလာတယ်။
Intelligence ခေါ် ဉာဏ်ရည်က အယူသီးမှုအပေါ် အနည်းငယ်သာသက်ရောက်မှုရှိတယ်။ ကမာ္ဘမှာအနာမည်အကြီးဆုံး ဟားဗဒ်တက္ကသိုလ်ကြီးမှာ တချို့ကျောင်းသူကျောင်းသားတွေက ဂျွန်ဟားဗဒ်ရုပ်ထုက ခြေထောက်ကို လက်နဲ့ ပွတ်ကြသတဲ့။
ကျွန်တော်တို့လည်း မန္တလေး မဟာမုနိဘုရားကြီးမှာထားတဲ့ ကြေးရုပ်ကြီးတွေ ကိုယ်ကြိုက်တဲ့နေရာမှ ပွတ်ကြတယ်။
ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၁၉

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ