Workplace and stimulant drugs လုပ်ငန်းခွင်နဲ့ ဆေးဝါးသုံးစွဲမှု

စောစောကပဲ ဆေးခြောက်အဆီဆေး ဆရာဝန်လက်မှတ်မလိုပဲ ရောင်းတော့မယ်ဆိုတဲ့သတင်း တင်လိုက်တယ်။ ဒီစာကိုလည်း မနှစ်က မေဒေး ခေါ် နိုင်ငံတကာအလုပ်သမားနေ့မှာ ဒီစာကိုရေးပါတယ်။ 

အမေရိကန်ပြည်ထောင်စုမှာ အလုပ်သမားပေါင်း ၂၃ သန်း ကျော်မှာ ဆေးဝါးတမျိုးမျိုးသုံးစွဲနေကြတယ်။ အဲတာကလည်း ဆေးကုသမှုခံယူနေသူစာရင်းသာရှိသေးတယ်။ အသက် (၁၂) နှစ်အထက်လူဦးရေရဲ့ ၁ဝ% ရှိတယ်။ ဆေးဝါးသုံးစွဲမှုဟာ တယောက်တည်းသုံးပေမယ့် မိသားစုနဲ့ ပတ်ဝန်းကျင်ကိုပါ ဆိုးဆိုးဝါးဝါး သက်ရောက်စေပါတယ်။ ငွေကြေးအရပြောရရင် တနှစ်မှာ ၁၉၇ ဘီလီယန် ရှိတယ်။

ဆေးစွဲတယ်၊ ဆေးသုံးကြတယ်ဆိုတာ တရားမဝင်ဆေးတွေသာမကာ တရားဝင်ဆေးတွေကိုပါသုံးစွဲကြတာဖြစ်တယ်။ Painkillers အနားသက်သာဆေးတွေ၊ barbiturates အိပ်ဆေးတွေ၊ stimulants စိတ်ကြွဆေးတွေနဲ့ addictive စွဲစေတတ်တဲ့ဆေးတွေဖြစ်တယ်။ အမေရိကန်လူငယ်လူရွယ် ၂ဝ% တို့ဟာ Marijuana ဆေးခြောက်သုံးနေကြတယ်။ ၄ဝ% တို့ဟာ တကြိမ်တော့ စမ်းကြည့်ကြတယ်။ ၉% တို့ဟာ Cocaine ကိုကိန်းကိုတကြိမ်တော့စမ်းကြည့်ကြတယ်။

ကမ္ဘာမှာ အရက်ကြောင့် တနှစ်မှာ လူပေါင်း ၂့၅ သန်းသေဆုံးနေကြတယ်။ အမေရိကားမှာ ၁ သိန်းသေးတယ်။ အသက် ၁၅ နှစ်နဲ့ ၂၉ နှစ်ကြားလူရွယ်တွေ နှစ်စဉ် ၃ သိန်း ၂ သောင်းတို့ဟာ အရက်နဲ့ဆက်စပ်ပြီး သေဆုံးနေကြတယ်။ နိုင်ငံပေါင်း ၁၄၈ အစီရင်ခံစာတွေအရ မူးယစ်ဆေးထိုးလို့ HIVပိုဖြစ်တယ်လို့ ၁၂ဝ နိုင်ငံကဆိုပါတယ်။

အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဖြတ်လိုသူတွေဟာ Counseling (ကောင်ဆယ်လင်း) ခေါ်တဲ့ မေးမြန်းဆွေးနွေးမှုလုပ်ရင် အများကြီးအကျိုးရှိတယ်။ Talk therapy စကားပြောကုသနည်းနဲ့ Best Drug Rehabilitation ဆေးပေးကုသနည်းပါ တွဲရင် အကောင်းဆုံးရလဒ်ရစေမယ်။

ဒေါက်တာတင့်ဆွေ

၂၈-၄-၂၀၁၇

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ