Acute otitis media (AOM) Treatment Options နားပြည်ယိုတာကို ဘယ်လိုကုသမလဲ

ဆရာရှင့်မဂ်လာပါ သမီးလေးက အသက် ၅နှစ်ပါရှင့် နားပြည်ယိုလို့ဆေးခန်းပြတာ ပိုးသတ်ဆေး မနက်ည တစ်နေ့၂ကြိမ် သောက်ခိုင်းတယ် နားဆေးထည့်ခိုင်းတယ်ရှင့် ပိုးသတ်ဆေးက ၅ရက်လောက်သောက်ရင်နားက သက်သာတာ်ရှင့်ပြီးရင် နည်းနည်းလေးအအေးခံရင်ပြန်ဖြစ်တယ်ရှင့် ပိုးသတ်ဆေးကို ဘယ်နှစ်ရက်ထိလောက်သောက်ရင် အဆင်ပြေမလဲရှင့် အကြာကြီးလည်းမသောက်ရဲလို့ရှင့်

နားပြည်ယိုတာကို ဘယ်လိုကုသမလဲ

နာကျင်မှုကို သက်သာစေရန်

acetaminophen (Tylenol) သို့မဟုတ် ibuprofen (Advil, Motrin) အကိုက်အခဲပျောက်ဆေးတခုခုဖြင့် ကုသနိုင်ပါသည်။ 

Antibiotics ပဋိဇီဝဆေးများ

Amoxicillin သည် ကလေးများအတွက် AOM အတွက် ပထမတန်း ပဋိဇီဝဆေးဖြစ်သည်။ ပုံမှန်အားဖြင့် ၅-၁၀ ရက်ကြာ သောက်သည်။ 

High-Dose Amoxicillin ပမာဏများသောဆေး

အထူးသဖြင့် ပင်နီဆီလင်ခံနိုင်ရည်ရှိသော ဘက်တီးရီးယားရှိသော ကလေးများအတွက် မြင့်မားသောပမာဏ (တနေ့လျှင် 80-90 mg/kg) ပေးပါ။

Augmentin (Amoxicillin-Clavulanate) ဆေးအတွဲကိုလည်း ပေးနိုင်သည်။

Ceftriaxone ပဋိဇီဝဆေးကို သွေးကြောထဲသွင်းပေးနိုင်သည်။ 

Ear Tubes နားပြွန်များ

ထပ်တလဲလဲကူးစက်မှုရှိသောကလေးများအတွက် နားကြားပြွန် (tympanostomy tubes) သည် အလယ်နားကို လေဝင်လေထွက်ကောင်းစေပြီး အရည်များစုပုံလာခြင်းကို ကာကွယ်ရန် အကြံပြုနိုင်ပါသည်။ 

ပဋိဇီဝဆေးများ အလွန်အကျွံသုံးစွဲခြင်းသည် ပဋိဇီဝဆေးယဉ်ပါးမှုကို အထောက်အကူပြုနိုင်သည်။ ပဋိဇီဝဆေးများ အမှန်တကယ် လိုအပ်ပြီး သတ်မှတ်ထားသော ပမာဏနှင့် ကြာချိန်ကို လိုက်နာမှသာ ပဋိဇီဝဆေးများကို အသုံးပြုရန် အရေးကြီးပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ