မြို့သာဆေးရုံမှာ ကျွန်တော်ဆောက်ခဲ့တဲ့ ခွဲစိတ်ခန်း

ဒီနေရာလေးက အသစ်။ ဆေးရုံဟောင်းက စာသင်ကျောင်းဖြစ်သွားပြီ။ 

ခွဲစိတ်ခန်းဟောင်းဆိုတာ အိုပီဒီလည်းဟုတ်တယ်။ မနက်ပိုင်းလာ အပြင်လူနာတွေကိုကို ကုသပေးပြီး ခွဲစိတ်ခန်းအဖြစ် မသုံးခင် တံမြက်စည်းလှည်းရတယ်။ ကျွန်တော်က ကိုယ်တိုင်လှည်းတယ်လို့ ကျွန်တော့် လူရင်းလက်ထောက် မောင် (ဦး) စိန်ဝင်းက ပြန်ပြောပြတယ်။

မြို့သာမရောက်ခင် တံတားဦးနယ်ထဲက ဂွေးဂုံးရွာရောက်တော့ သတိရတယ်။ ကျွန်တော့်ဘဝမှာ ပဌမဆုံးအကြိမ် သားအိမ်ထုတ်ပေးရတဲ့လူနာနေတဲ့ရွာ။ ရောဂါဝေဒနာတွေက ကျွန်တော့်ကို သင်ပေးတယ်။ ကွန်ပေါင်ဒါက မေ့ဆေးသမား။ အပြာဝတ်ဆရာမနဲ့ ဆေးရုံအငယ်တန်းဝန်ထမ်းသုံးယောက်တို့က ခွဲစိတ်ခန်းလက်ထောက်တွေ။ စုစုပေါင်းမှ ၅ ယောက်သာ။ ၆ နှစ်ကြာခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ

၁၈-၅-၂ဝ၁၈

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ