အနာမျိုး(၉၆)ပါး

မင်္ဂလာပါ ဆရာ ဆရာသော်တာတွေဝတ္ထုတွေမှာပါတတ်တဲ့ "ဘင်ခွဲတာ၊ ကြပ်ခွဲတာ " ဆိုတာ ဘာကိုပြောတာလဲဆရာ ကာလသားရောဂါမှန်းတော့ သိပါတယ်ဆရာ အင်္ဂလိပ်အသုံးအနှုန်းရယ် ၊ ဘယ်လိုတွေရယ်ဆိုတာလေး သိချင်လို့ပါခင်ဗျာ။

ရှေးသုံးမြန်မာ့ဆေးနည်းတွေထဲက ရောဂါအမည်တွေဖြစ်ပါတယ်။ ခေတ်မီဆေးပညာကိုသင်ယူထားကြတဲ့ ဆရာဝန်တွေက မသိပါ။ ကာလသားရောဂါတွေကိုတော့ အကုန်သိပါတယ်။

အနာမျိုး(၉၆)ပါး

၆၀။ ကျပ်သဖီနာ၊

ဘင်နာ = အကျိတ်ရောင်နာ။ ပြည်တည်အကျိတ်ထွက်နာ။

ဝက်သက်ဝက်ခြံ ဘင်နာသွေးစုနာ။ 

ဖြစ်နိုင်တာကတော့ (ကန်တော့) ကျားလိင်အင်္ဂါမှာအနာဖြစ်ရာကနေ ပေါင်ခြံမှာ တင်စေ့ ခေါ် လင့်ဖ်နုတ် ခေါ် အကျိတ်တွေရောင်လာတာ။ ပြည်တည်လို့ ခွဲကုတာလား။ အမှန်က သက်ဆိုင်တဲ့ပဋိဇီဝဆေး ပေးရမှာဖြစ်ပါတယ်။

ဆနဝုတိဆေးကျမ်းလာ အနာမျိုး (၉၆) ပါး 

၅၈။ တကျည်းနာ၊

အဲဒီစာရင်းထဲက တကျည်းနာကို စသတ်နဲ့ရေးတာ မတွေ့မိသေးပါ။ နောက်ပေါက်မြန်မာစာဆရာတွေက စသတ်ဖို့ မေ့နေကြသေးတယ်ထင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ