Gliclazide ဆီးချိုဆေး

ဆရာ ကျွန်တော့် အမေ က အသက် ၆၀ ကျော်ပါပြီ တနေ့က ဆေးခန်းမှာ ဆီးချိုတိုင်းတာ 225 ရှိပါတယ် ဆေးက Diamicron (Gliclazide) 60 mg ပေးခဲ့ပါတယ် အရင်ကတော့ ပုံမှန် 30 mg ပဲ သောက်နေကြ(ကျ)ပါ ဆေးက mg ပိုရင် အမေက ဆေးသောက်ပြီး လူအရမ်းနုံးတယ်လို့ ပြောတယ်‌ဗျ အခုဆီးချို 225 ဆိုရင် 60 mg သောက်ရတာလားခင်‌ဗျ အခုရက်ပိုင်းက ခြေထောက်တွေလည်း တချက်တချက် ထုံကျဉ်တာ ပြန်ဖြစ်နေတာပါ အရင်က သက်သာသွားတာ 4/5 လလောက်ရှိပါပြီ ထုံကျဉ် ဖြစ်လာချိန်မှာကော ဘာဆေးသောက်ခိုင်းသင့်သလဲခင်ဗျ 

Gliclazide သည် အမျိုးအစား ၂ ဆီးချိုရောဂါအတွက်သောက်ဆေးဖြစ်သည်။ Gliclazide ကို အများအားဖြင့် အစာစားပြီးနောက် သောက်ရသည်။

တဦးချင်းစီလိုအပ်ချက်နှင့် တုံ့ပြန်မှုပေါ်မူတည်၍ ဆေးပမာဏသည် ကွဲပြားသည်။ ဆရာဝန်၏ ညွှန်ကြားချက်များကို လိုက်နာရန် အရေးကြီးပါသည်။ 

ဘေးထွက်ဆိုးကျိုးများ

ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အရေပြားနီမြန်းခြင်းနှင့် ရှားရှားပါးပါး အသည်းပြဿနာများ ပါဝင်သည်။

ဆေးအဆ များသွားပါက hypoglycemia (သွေးတွင်းသကြားဓာတ်နည်းခြင်း) ဖြစ်ပြီး မူးဝေခြင်း၊ ချွေးထွက်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းကဲ့သို့သော လက္ခဏာများကို ဖြစ်စေနိုင်သည်။

Diabetes ဆီးချို https://dr-tint-swe.blogspot.com/2021/06/diabetes_26.html

Diabetes Complications ဆီးချို နောက်ဆက်တွဲဖြစ်နိုင်သည်များ https://dr-tint-swe.blogspot.com/2021/04/diabetes-complications.html

Blood sugar levels ဆီးချိုစစ်ခြင်း https://dr-tint-swe.blogspot.com/2021/01/blood-sugar-levels.html

Diabetes diet ဆီးချိုအတွက်အစားအစာများ https://dr-tint-swe.blogspot.com/2021/04/diabetes-diet.html

Gestational Diabetes ကိုယ်ဝန်နဲ့ဆီးချို https://dr-tint-swe.blogspot.com/2021/05/gestational-diabetes.html

Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ https://dr-tint-swe.blogspot.com/2021/05/diabetic-neuropathy.html

Metformin ဆီးချိုစားဆေး ဘယ်လိုပေး https://dr-tint-swe.blogspot.com/2021/05/metformin.html

Diabetic food ဆီးချိုနဲ့ အစားအသောက် https://dr-tint-swe.blogspot.com/2021/05/diabetic-food_7.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ