Vaginal fungal infections မိန်းမကိုယ်မှိုပိုးဝင်ခြင်း

(ကန်တော့)

ကန်တော့ပါဆရာ ခဏခဏမေးနေတယ် မထင်ပါနဲ့ရှင့် ဖောက်ပြန်နေတဲ့ ရုပ်တရားက တခုပြီးတခု ပြနေလို့ပါ ဝေဒနာ ဖြစ်လာလို့ ဆေးရုံဆေးခန်း သေချာ ပြမယ်ဆိုရင် လက်ရှိ အနေအထား တခါပြရင် သိန်းဂဏန်းမက ကုန်နိုင်သလို ဝေဒနာ တခါထဲနဲ့ ယူပစ်သလို ပျောက်ကင်းအောင် ဆေးစွမ်းထက်စွာ ကုပေးနိုင်တဲ့ စေတနာဆရာဝန်ကလည်း ရှားပါးကုန်မို့ စေတနာ သက်သက်ဖြင့် မေးသမျှကို ဖြေကြားပေးနေတဲ့ ဆရာ့ကိုပဲ သိလိုတာ မေးမြန်းရခြင်းပါဆရာ။ သိလိုတာကတော့ မိန်းမကိုယ်မှိုစွဲရောဂါ အကြောင်းနဲ့ နောက်ဆက်တွဲ ဖြစ်နိုင်ခြေရယ် စအိုကွဲနာ ဝေဒနာ အကြောင်းရယ် ဆောင်ရန် ရှောင်ရန်နဲ့ နေထိုင် စားသောက်နည်းတွေ သိချင်လို့ပါရှင်။ ကန်တော့ပါဆရာ အဲဒါ ကျမ ဖြစ်ဖြစ်နေတာပါ

မိန်းမကိုယ်မှိုပိုးဝင်ခြင်း ကုသမှုရွေးချယ်စရာများ

clotrimazole သို့မဟုတ် miconazole ပါဝင်သော လိမ်းဆေးများနှင့် လိမ်းဆေးများသည် ကုသမှု ၃ ရက်မှ ၇ ရက်အထိ ရရှိနိုင်သည်။ 

clotrimazole သို့မဟုတ် miconazole ပါသော ဖြည့်စွက်ဆေးများသည် ကုသမှု ၁ ရက်မှ ၇ ရက်အထိ ရရှိနိုင်သည်။ 

Terconazole ခရင်မ် သို့မဟုတ် suppositories ကို ၃ ရက်မှ ၇ ရက်အထိ သတ်မှတ်နိုင်သည်။ 

fluconazole ကဲ့သို့သော ပါးစပ်မှိုသတ်ဆေးများကို တ ကြိမ်တည်း သို့မဟုတ် အကြိမ်များစွာအတွက်၊ အထူးသဖြင့် ပြင်းထန်သော သို့မဟုတ် ထပ်တလဲလဲ ကူးစက်မှုများအတွက် သတ်မှတ်နိုင်ပါသည်။

အရေးကြီးသော ထည့်သွင်းစဉ်းစားချက်များ-

Douching မိန်းမကိုယ်အတွင်းရှိ ဘက်တီးရီးယားများ၏ သဘာဝဟန်ချက်ကို နှောင့်ယှက်နိုင်ပြီး မှိုပိုးဝင်ခြင်းကို ပိုဆိုးစေသောကြောင့် ဆေးကြောခြင်းကို ရှောင်ကြဉ်ပါ။ 

အိမ်သုံးကုထုံးများ-

ဒိန်ချဉ် သို့မဟုတ် ပန်းသီးရှာလကာရည်ကဲ့သို့သော အိမ်တွင်းကုထုံးအချို့သည် သက်သာရာရနိုင်သော်လည်း ၎င်းတို့ကို မူလကုသမှုအဖြစ် အသုံးမပြုသင့်ပါ။ 

ကာကွယ်ခြင်း-

ချည်သားအတွင်းခံဝတ်ခြင်း၊ တင်းကျပ်သောအဝတ်အစားများကို ရှောင်ကြဉ်ခြင်းနှင့် လိင်အင်္ဂါဧရိယာရှိ နံ့သာဆီများကို မသုံးဘဲ ပိုးမွှားကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

• Clotrimazole 1% ခရင်မ်၊ ဒါမှမဟုတ် Miconazole 2% ခရင်မ်၊ ၃-၇ ရက်၊ ဒါမှမဟုတ် Fluconazole 150 mg စားဆေး၊ Clotrimazole မွွေးလမ်းထဲထည့်ဆေး၊ 100 mg ၆-၇ ညထည့်ပါ။ 200 mg ၃ ညထည့်ပါ။ Monistat; Femizol; Vagistat; M-Zole; Micatin; Lotrimin နာမယ်တွေနဲ့ ရောင်းတယ်။ (ရာသီလာချိန်မှာလဲ သုံးနိုင်တယ်။)

• Nystatin 100,000 IU, Nystatin Ointment လိမ်းဆေး၊ ထည့်ဆေးတွေကိုလည်း သုံးတယ်။

• ခဏခဏဖြစ်သူတွေ Diflucan (Fluconazole) 150 mg တခါတည်းသောက်ပါ။ လိုအပ်ရင် ရက်ပိုပေးပါတယ်။ Nystatin (Bio-Statin, Mycostatin, Pastilles, Nilstat, Nyamyc, Nystex, Nystop, Pedi-Dri) စားဆေး၊ (400,000 to 600,000 units) တနေ့ ၄ ကြိမ်သောက်ပါ။

မွေးလမ်းကြောင်းမှိုရောဂါအတွက် လိမ်းဆေးတွေထဲမှာ Miconazole (Monistat-7, M-Zole) နဲ့ Clotrimazole တွေက ၈၅-၉ဝ% ပျောက်မယ်။ Nystatin ဆေးက ၇၅-၈ဝ% ပျောက်မယ်။ လိမ်းဆေးတွေနဲ့ မရသေးရင် သောက်ဆေးတွေက Fluconazole နဲ့ Itraconazole ဖြစ်တယ်။ ၃-၅ ရက်သောက်ရင် ၈ဝ% ပျောက်မယ်။ အသည်းမကောင်းရင် သတိထားရမယ်။ ခဏခဏပြန်ဖြစ်သူတွေက Fluconazole နဲ့ Itraconazole သောက်ဆေးရယ် Clotrimazole ထည့်ဆေးရယ်ကို ၆ လကြာ သုံးရတတ်တယ်။ ကိုယ်ဝန်ရှိနေချိန်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ရိုးရိုးမှိုပိုးဝင်တာကို Gynazle, Lotrimin, Monistat, and Terazol စတဲ့လိမ်းဆေး (ထည့်ဆေး) တွေ ၁-၂-၃ ရက်နဲ့ ပျောက်တယ်။ Fluconazole (Diflucan) တပြားသောက်တာနဲ့ပျောက်မယ်။

Clotrimazole ဆေး https://dr-tint-swe.blogspot.com/2020/12/yeast-infection.html

FIA စအိုကွဲနာ https://dr-tint-swe.blogspot.com/2021/05/fia.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ