မြန်မာပြည်မှာ ညာလို့ကောင်းတဲ့ခေတ်

ဆရာ ကင်ဆာလူနာ တွေကို ဌက်သိုက် ကျွေးလို့ရလား။ အချို့က ဌက်သိုက် က ကင်ဆာဆဲလ်တွေကို ပျံနှံစေလို့ လူနာကို ဌက်သိုက် မကျွေးရဘူး ပြောကြလို့ပါ။

ဌက်သိုက် မဟုတ်။ ငှက်သိုက်လို့ ရေးရတယ်။ 

ဆေးနည်းအမှား၊ တရားစာအမှားတိုင်းက သတ်ပုံပါ မမှန်ကြပါ။ 

ရသဆိုတာတွေကလည်း ၈၀% လောက်က သတ်ပုံမမှန်ကြပါ။

ကင်ဆာရောဂါဟာ မြန်မာပြည်မှသာဖြစ်တာမဟုတ်။ ၁၉၅ နိုင်ငံမှာဖြစ်တယ်။ သူများတိုင်းပြည်တွေက ငှက်သိုက်ကို မသုံးကြပါ။

ငှက်သိုက် ဆေးသုတေသန မရှိပါ (မရှိပါ)။

ကင်ဆာမပြောနဲ့ ဘယ်ရောဂါကိုမှ မပျောက်စေပါ။ ဘယ်ရောဂါကိုမှ သက်သာခြင်းမရှိစေပါ။

ဒါပေမဲ့ ရောင်းရတယ်။ အယုံလွယ်ပြီး အညာခံရတာကို သာယာနေသူတွေက ဝယ်ကြတယ်။ 

ပွဲစာတွေကလည်း ပေါတယ်။ အခုမှ ပေါတာ။ ကျွန်တော်ဆရာဝန်လုပ်စဉ်က ငှက်သိုက်အပါအဝင် တခြားဖေ့စ်ဘွတ်ဆေးနည်း အဲ့ခုလို ညာလို့မရခဲ့ပါ။

ကိုဗစ်ကပ်ရောဂါကာလမှာလည်း စီးပွါးဖြစ်ခဲ့ကြတယ်။

ငှက်သိုက်အပါအဝင် တခြားဖေ့စ်ဘွတ်ဆေးနည်းတွေနဲ့ စီးပွားရှာသူတွေ မစိုးရိမ်ကြပါနဲ့ ဆေးပညာအကြောင်း ဆရာဝန်ပြောတာကို မယုံကြတဲ့ခေတ်။

မြန်မာပြည်မှာ ညာလို့ကောင်းတဲ့ခေတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ