Myasthenia gravis ရောဂါ ဖြစ်စေသည့်အကြောင်းရင်းများ

(စာကတော့ ရှည်ပါသည်။ ရောဂါအကြောင်းရင်းသိလိုရင်တော့ အောက်ပိုင်းမှာ ပါတယ်။)

ဆရာရှင့် ကိုဗစ်ကာကွယ်ဆေးထိုးလို့ဖြစ်သွားတာဆိုပြီး fb မှာ share နေကြလို့ပါဆရာ။

ပို့စ် တင်လို့ရပါသလား။

Copy paste လုပ်ထားတာဆရာ မူရင်း post ပိုင်ရှင်က share တာခွင့်ပြုထားပါတယ်ဆရာ

Myasthenia Gravis ရောဂါနှင့် ၃နှစ်တာ ကျွန်မအတွေ့အကြုံ

ကျွန်မကအရင်က international school က Assistant Teacher တယောက်ပါ အလုပ်ရတော့ covidဆေးထိုးရမယ်ဆိုတာနဲ့ ထိုးလိုက်ပါတယ် ပထမဆေးမှာ ကျွန်မ မဖျားပါဘူး ဘာမှလဲ မခံစားရပါဘူး ဒီလိုနဲ့ဒုတိယဆေးထိုးရမဲ့ အချိန် ရောက်လာတော့ ထပ်ထိုးပါတယ် ဇာတ်လမ်းကအဲမှာစတာပါ ထိုးပြီး ၃ရက်လောက်မှာ ဖျားပါတယ် ကျွန်မကအစထဲက Hyperthyroid သမားမို့ ကာကွယ်‌‌ဆေးစင်တာမှာ ထိုးတာပါ ဖျားပြီး အသံတွေလုံးလာပါတယ် ရေသောက်ရင်သီးပါတယ် အစာမျိုချရင် နင်နေပြီးတနေပါတယ် အဲဒါကြောင့် ဆေးခန်းတွေ လိုက်ပြပါတယ် မသက်သာဘူး တပတ်လောက်မှာကျွန်မတော်တော်ဝိတ်ကျနေပါပီ အစထဲက ပေါင်၇၂ပေါင်ပဲရှိတာမို့ ခံနိုင်ရည်လဲမရှိပါဘူး အဲဒါကြောင့် ကျွန်မရဲ့ thyroid ဆရာဝန်နဲ့ ပြပါတယ် အဲဆရာဝန်က သူ့ရောဂါလက္ခဏာမဟုတ်ဘူး COVID စစ်ပါဆိုလို့ စစ်ရပါတယ် အသံတွေ လုံးလာတာ အစာမျိုမရတာမို့ နားနှာခေါင်းဆရာဝန်နဲ့ပြပါတယ် လည်ချောင်းက အကုန်ကောင်းပါတယ်တဲ့ အဲဆရာဝန်က ဦးနှောက်နှင့်အာရုံကြော ပြကြည့်ပါဆိုလို့ ကျွန်မ ဦးနှောက်နှင့်အာရုံကြောသွားပြပါတယ် အဲမှာ လေဖြန်းသလိုဖြစ်တယ်ဆိုပြီး မျက်နှာကို ဓာတ်တို့သလို လုပ်ရပါတယ် မသက်သာပါဘူး ၁ပတ်ကျော်လာပြီး အစာလုံးဝမဝင်တာမို့ ဆရာဝန်က တကိုယ်လုံးရဲ့ ကြွက်သားတွေကို လျှပ်စစ်နဲ့ စမ်းရပါတယ် အဲမှာ ကျွန်မရဲ့ ပါးကြွက်သားလည်ပင်ကြွက်သားတွေက အလုပ်မလုပ်တော့တာ အ‌ဖြေတွေ့ပြီး Myasthenia gravis ကြွက်သားအားနည်းဆိုပြီး ရောဂါတွေ့ပါတယ် အစာမဝင်တော့တာကြောင့် နှာခေါင်းပှိုက်နဲ့ နေရပါတယိ ဒီလိုနဲ့ အိမ်မှာနေ ရက်ချိန်းပြနေရကနေ ၂လလောက်ကြာမှာ ကျွန်မ မောလာပါတယ် ချွဲတွေ အရမ်းထွက်ပါတယ် နေ့တိုင်းပါ မျိုချမရတာကြောင့် အဲချွဲကြောင့်ပဲ အသက်ရှုမဝပါဘူး မျက်ခွံတွေလဲ ကျလာပါတယ် အဲဒါကြောင့် ကျွန်မ ဆရာဝန်နဲ့တိုင်ပင်ပြီး plasmapheresis လုပ်ပါတယ် လည်ပင်း ပင်မသွေးကြောကနေ လုပ်ပါတယ် ပထမဆုံးလုပ်တဲ့နေ့မှာပဲ shock ဖြစ်ပြီး ကျွန်မ ICU ရောက်သွားပါတယ် သေမဲ့ကံမပါသေးတဲ့အတွက် ICU 14 ရက်နေပြီး ward ထဲရောက်တော့ plasma နောက်ထပ် ၂ ရက် ထပ်လုပ်ပါတယ် ဒါပေမဲ့ ကျွန်မ အစာမစားနိုင်တာက လွဲရင် ကျန်တာ အကုန်သက်သာတာမို့ ဆေးရုံက ဆင်းပါတယ် ‌ဒီလိုနဲ့ အိမ်မှာ ၃ လ နေပြီး တရက်မှာ မနက် ၃ နာရီ မောလာပြီး oxygen 50 နဲ့ အရေးပေါ်ချက်ချင်းပြေးရတယ် ဒီတခါလဲ ၁၄ ရက်နေပြီး ကျွန်မ အိမ်ပြန်ရောက်ပါတယ် နောက် ၁ လကျော်လောက်မှာ ကျွန်မ ပြန်မောလို့ ဆေးရုံ ကြိုတက်ပါတယ် အဲနေ့မှာ ပဲ ချက်ချင်း oxygen 50 မို့ ကျွန်မ တတိယအကြိမ် ICU ရောက်ပါတယ် ဒီတခါ ၂၁ ရက်မှ ကျွန်မ ICU ထဲက ထွက်ရပါတယိ ကံကောင်းလို့ လည်ပင်းမဖောက်ရတာပါ အဲဒါကြောင့် ဆရာဝန်တွေက ICU အရမ်းစိပ်တဲ့အတွက် plasmapheresis ထပ်လုပ်ပြီး နှာခေါင်းပှိုက်ပြုတ်ဖို့ ကြိုးစားပါတယ် လည်ပင်းအကြောက ပါးလာတာမို့ ပေါင်ပင်မသွေးကြောကနေ လုပ်ရပါတယ် ကျွန်မ ကံကောင်းပါတယ် နှာခေါင်းပိုက်ဖြုတ်နိုင်ခဲ့ပါတယ် ဒီလိုနဲ့ဆေးရုံက ချက်ချင်းဆင်းပြီး ကျွန်မက MG ထဲမှာ အခြေနေ ‌တော်တော်ဆိုးတဲ့သူမို့ Thymoma ခွဲမှရမဲ့အတွက် ရင်ခေါင်းခွဲစိပ်ဆရာဝန်နဲ့ ချက်ချင်းသွားပြပြီး ခွဲဖို့ လုပ်ရပါတယ် ဒါပေမဲ့ ကျွန်မကအဲချိန် ပေါင်ချိန် ၆၀ ကျော် အားနည်းတဲ့သူမို့ မေ့ဆေးပြန်မနှိုးမှာဆိုးတဲ့အတွက် မေ့ဆေးကသဘောမတူလို့ ၅ ခေါက်လောက်တွေ့ရပါတယ် မခွဲပဲနဲ့ ဒီတိုင်းဆက်သွားလဲ ကျွန်မ အခြေနေကျွန်မသိလို့ ဘာပဲဖြစ်ဖြစ်ခွဲနေဆိုပြီးခွဲလိုက်ပါတယ် နေ့တိုင်းမောပြီး အသက်ရှုမဝတဲ့ဒဏ်ကိုမခံချင်တော့လို့ပါ ခွဲပြီးတော့ ကျွန်မ ပြန်နိုးလာပါတယ် ဒါပေမဲ့ ICU မှာ ၁ လနီးပါး ထပ်နေရပါတယ် အသက်ရှုပိုက်မဖြုတ်နိုင်လို့ပါ ၁ လ ပြည့်မှာ ဖြုတ်နိုင်ပြီး အိမ်ကို ပြန်ရောက်ပါတယ် အဲချိန်မှာ ကျွန်မ လမ်းလုံးဝမလျှောက်နိုင်တော့ပါဘူး နှာခေါင်းပိုက်နဲ့ပါပဲ ဒါပေမဲ့ ပါးစပ်ကနေ ပြန်စားနိုင်လာပါတယ် ၃ လလောက်နေ့တော့ နှာ‌ခေါင်းပိုက်ပြုတ်ပါတယ် ခြေထောက်ကတော့ ကျင့်နေဆဲပဲ အဲချိန်မှာ ကျွန်မသောက်ရတဲ့ Distinon နဲ့ Medixon က ဂိတ်ဆုံးပါ ၁ နှစ်နီးပါးလောက်မှာ ကျွန်မ လမ်းကိုယ့်ဘာသာ လောက်နိုင်ပြီး ဆေးတွေလဲ လျော့လာတာ Distsnon ၂ လုံးလောက်ထိပဲသောက်ရတော့ပါတယ် အသံတွေလဲ ပုံမှန်ပါပဲ အစာလဲ မသီးတော့ပါဘူး အဲမှာ ကျွန်မ ဆရာမအလုပ်ပြန်လုပ်ပါတယ် ၂ ‌လလောက်မှာဖျားပြီး ကျွန်မ လက်တွေခြေတွေလေးလာပါတယ် အသံတွေ ပြန်လုံးလာပါတယ် အစာမျိုရပြန်ခက်ပါတယ်အိပ်ယာထဲ ပြန်လဲပြီး အလုပ်ထွက်လိုက်ရပါတယ် ဒီလိုနဲ့ ၃ လလောက်အိမ်မှာ နေတာ ဆေးတွေ ပြန်ထိုးလာပါတယ် Distinon ၆ လုံးလောက်ထိကို ဒါလဲ ကျွန်မ မသက်သာတဲ့အတွက် ဆေးရုံ ပြန်ရောက်ပါတယ် ICU မရောက်ပေးမဲ့ နှာခေါင်းပိုက်ပြန်တပ်ရပါတယ် ဆေးရုံရောက်ပြီး လက်ကနေ Manual plasma လုပ်တာ ၅ ရက်မှာနှာခေါင်းပိုက်ပြန်ပြုတ်ပါတယ် အစားလဲ ပြန်စားလို့ရလို့ ၇ ရက်ထိ Manual လုပ်ပြီး ၁၂ ရက်လောက်နေတော့ ပြန်ဆင်းရပါတယ် အိမ်ရောက်လာတော့ လမ်းတော့ မလျှောက်န်ုင်လို့ ပြန်ကျင့်ရပါတယ် အလုပ်လဲ ပြန်မလုပ်နိုင်ပါဘူးအစားကစားလို့ရပေးမဲ့ အမာတော့ အရမ်းမရပါဘူး ဆေးတွေကလဲ သိပ်မလျော့ပါဘူး ၅ လလောက်ကြာတဲ့ အချိန်မှာ လမ်းပြန်လျှောက်နိုင်ပေးမဲ့ ကျွန်မ အသံပြန်လုံးလာလို့ မောလဲမောလာလို့ ဆေးရုံထပ်တက်ရပါတယ် ကြိုတက်လိုက်တာပါ နှာခေါင်းပိုက်ဒဏ်ကိုကြောက် လို့ပါ ဒီလိုနဲ့ ဆေးရုံရောက်တော့ Manual plasma လုပ်ပါတယ် ၇ ရက်လောက်မှာ သိပ်မသက်သာပဲ သွေးအားနည်းလို့ ရပ်လိုက်ရပြီး သွေးသွင်းရပါတယ် ပြီးတော့ methylprednisolone 500 ကို ၃ ရက်သွင်းလိုက်တာ ICU ရောက်သွားပါတယ် အရမ်းမောလာလို့ပါ ဒီတခေါက် ICU မှာကံကောင်းပါတယ် Tube မတက်ရပဲ ၃ ရက်လောက်နဲ့ ရိုးရိုး oxygen နဲ့ သက်သာပြီး wardထဲပြန်ရောက်ပါတယ် plasma နောက် ၇ ရက်ထပ်လုပ်ပြီး ဆေးရုံမှာ စောင့်ကြည့်ပါတယ် ၁ လနီးပါးတက်ရပြီးပြန်ဆင်းလာရပါတယ် အခုတခေါက် ပြန်ဆင်းလာတော့ အစပိုင်းတော့ တော်တော် သက်သာပါတယ် စားနိုင်ပါတယ် လမ်းလဲပြန်လျှောက်နိုင်ပြီး ၂ လ ပြည့်ခါနီးကျတော့ ဒုံးရင်းလို ပြန်ခွေချငိလာပြန်ပါပြီး သူများတွေကတော့ ကျွန်မလောက်ဆိုးမဆိုးမသိပေးမဲ့ ကျွန်မကတော့ ခွဲပြီးတာတောင် အဲလိုအနေအထားပါပဲ ရှင် ကျွန်မရဲ့အတွေ့အကြုံကတော့ လက်ရှိဒီလောက်ပါပဲ ခွဲဖို့ recommend ပေးရမှာဆို ခွဲစေချင်ပါတယ်ရှင့် မခွဲခင်ထက်စာရင်တော့ ဆေးရုံတက်ရတဲ့လလဲ ကြားထဲမှာ ခြားသလို ကျွန်မအတွက်ငရဲလိုဖြစ်ရတဲ့ ချွဲအရမ်းထွက်ပြီး oxygen ကျတာတော့မရှိတော့ပါဘူး ကံကောင်းတာပဲပြောရမှာပါပဲ မောလာရင်အရမ်းပြန်‌ လေးလာရင် အစာပြန်သီးလာရင် မျိုရခက်ရင်တော့ ဆေးရုံပြေးရတာလေးပဲကျန်တော့တာမို့ပါရှင့်

P.S အခုဆိုရင် အဲရောဂါက အဖြစ်များလာတာမို့ ရေးချင်တဲ့ဆန္ဒလည်းရှိ‌‌ နေတာမို့ရေးလိုက်တာပါ ရောဂါအကြောင်း သောက်ရတဲ့ဆေးတွေသိချင်ရင်တော့ ဝေဒနာတူများလာမေးလို့ရပါတယ်ရှင့် ရေးတတ်သလောက်ရေး‌လိုက်တာမို့ မပြည့်စုံတာတွေအများကြီးမို့ပါရှင့်။ ကိုဗစ်ကာကွယ်ဆေးထိုးလို့ဖြစ်ရတာ ဟုတ်လားဆရာ။

ရေးတဲ့စာကို သတ်ပုံတချို့နဲ့ စာရိုက်တာတချို့ကို ပြင်လိုက်ပါတယ်။ ဆောရီး။

Myasthenia gravis ရောဂါ ဖြစ်စေသည့်အကြောင်းရင်းများ

Myasthenia gravis (MG) သည် ခန္ဓာကိုယ်၏ ခုခံအားစနစ်မှ အာရုံကြောများ နှင့် ကြွက်သားများ ဆက်သွယ်သည့် နေရာကို မှားယွင်းစွာ တိုက်ခိုက်သည့် အာရုံကြောများ နှင့် အာရုံကြောများ ဆက်သွယ်သည့် နေရာကို လွဲမှားစွာ တိုက်ခိုက်သည့် autoimmune တုံ့ပြန်မှု ကြောင့် ဖြစ်ရသည်။ အထူးသဖြင့်၊ ကိုယ်ခံအားစနစ်သည် ကြွက်သားဆဲလ်များပေါ်ရှိ acetylcholine receptors များကို ပိတ်ဆို့ခြင်း သို့မဟုတ် ဖျက်ဆီးပစ်သည့် ပဋိပစ္စည်းများကို ထုတ်လုပ်ပေးကာ သင့်လျော်သော အာရုံကြောအချက်ပြမှုများကို ကြွက်သားများထံရောက်ရှိခြင်းမှ ကာကွယ်ပေးသည်။ ဤအနှောက်အယှက်သည် ကြွက်သားအားနည်းခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေသည်။

Autoimmune တုံ့ပြန်မှု

ပုံမှန်အားဖြင့် ခန္ဓာကိုယ်အား နိုင်ငံခြားကျူးကျော်ဝင်ရောက်မှုမှ ကာကွယ်ပေးသည့် ခုခံအားစနစ်သည် ခန္ဓာကိုယ်၏ ကိုယ်ပိုင်တစ်ရှူးများကို မှားယွင်းတိုက်ခိုက်သည်။

အာရုံကြောကြွက်သားလမ်းဆုံ

ဤနေရာသည် ကြွက်သားမျှင်နှင့် ကြွက်သားကျုံ့နိုင်စေမည့် အာရုံကြောမျှင်တခုနှင့် ချိတ်ဆက်သည့်နေရာဖြစ်သည်။

Acetylcholine (ACh)

ACH သည် အာရုံကြောမှ ကြွက်သားဆီသို့ အချက်ပြမှုများကို သယ်ဆောင်ပေးသည့် အာရုံကြောကြွက်သားများ လမ်းဆုံဖြစ်သည်။

ပဋိပစ္စည်း တိုက်ခိုက်ခြင်း

ကိုယ်ခံအားစနစ်သည် ကြွက်သားဆဲလ်မျက်နှာပြင်ပေါ်ရှိ acetylcholine receptors များနှင့် ချိတ်ဆက်ထားသော ပဋိပစ္စည်းများကို ထုတ်လုပ်သည်။

အဆက်အသွယ်ပြတ်တောက်နေသည်

ပဋိပစ္စည်း၏ ပေါင်းစပ်မှုသည် acetylcholine receptors များကို ပိတ်ဆို့ သို့မဟုတ် ဖျက်ဆီးစေပြီး၊ acetylcholine နှင့် ကြွက်သားကျုံ့ခြင်းမှအစပြုခြင်းကို တားဆီးသည်။

ကြွက်သားအားနည်းခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း

အာရုံကြောနှင့် ကြွက်သားဆက်သွယ်မှု ချို့ယွင်းခြင်းသည် MG ၏ အဓိကလက္ခဏာများဖြစ်သည့် ကြွက်သားအားနည်းခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ဖြစ်စေသည်။

အခြား Antibodies များ

ဖြစ်ပွားမှုအများစုတွင် acetylcholine receptors များနှင့်ဆန့်ကျင်ဘက်ပဋိပစ္စည်းများပါ ၀ င်သော်လည်း၊ အချို့သောလူများသည် Muscle-Specific Kinase (MuSK) ကဲ့သို့သော neuromuscular transmission တွင်ပါ ၀ င်သည့်အခြားပရိုတိန်းများနှင့်ဆန့်ကျင်ဘက်ဆိုင်ရာပဋိပစ္စည်းများရှိနိုင်သည်။

Thymus သိုင်းမတ်စ်ဂလင်း

ရင်ဘတ်တွင်ရှိသော စိုင်မတ်ဂလင်းသည် MG ၏ အချို့သောကိစ္စများတွင် အခန်းကဏ္ဍတခုမှ ပါဝင်သည်ဟု ယူဆပါသည်။ ၎င်းသည် ကိုယ်ခံအားစနစ်၏ အင်္ဂါအစိတ်အပိုင်းတခုဖြစ်ပြီး MG ရှိသူအချို့တွင် ကြီးထွားနေသော စပျစ်သီး သို့မဟုတ် thymoma သိုင်းမတ်စ်ဂလင်းအကျိတ် ရှိသည်။

အမွေဆက်ခံခြင်း သို့မဟုတ် ကူးစက်ခြင်းမဟုတ်ပါ။ မျိုးရိုးလိုက်သောရောဂါမဟုတ်သလို မကူးစက်တတ်ပါ။

အထူးမှတ်ရန် Myasthenia gravis ရောဂါသည် ကိုဗစ်ကာကွယ်ဆေးကြောင့် မဟုတ် (မဟုတ်) ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ