13 Good Reasons to Walk the Walk လမ်းလျှောက်သင့်ကြောင်း ၁၃ ချက်
၁။ Hikers and walkers are happy တောင်တက်သမားများနှင့် လမ်းလျှောက်သူများသည် ပျော်ရွှင်ကြသည်။
တောင်တက်ခြင်းက စိတ်ဓာတ်ကျခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းခံစားချက်များကို လျော့နည်းစေသည်။ ၎င်းသည် သဘာဝနှင့် မိမိကိုယ်ကို ချိတ်ဆက်နိုင်စေပြီး သုခချမ်းသာကို ခံစားရစေသည်။ သင့်ဖုန်းကိုပိတ်ပြီး သဘာဝတရား၏အကျိုးကို နှစ်မြှုပ်လိုက်ပါ။
၂။ Walking improves sleep quality လမ်းလျှောက်ခြင်းသည် အိပ်စက်ခြင်းအရည်အသွေးကို တိုးတက်စေသည်။
ရပ်တန့်နေသော အိပ်စက်မှုပုံစံများသည် စွဲလမ်းမှု စောစီးစွာ ပြန်လည်ကောင်းမွန်လာမှု၏ တစိတ်တပိုင်း ဖြစ်သည်။ လတ်ဆတ်သောလေထဲတွင် ခိုင်မြဲစွာလမ်းလျှောက်ခြင်းက REM အိပ်စက်ခြင်းကို မြှင့်တင်ပေးနိုင်သည်။
၃။ Your heart, lungs, and blood vessels will thank you သင့်နှလုံး၊ အဆုတ်နှင့် သွေးကြောများက ကျေးဇူးတင်ရှိမည်ဖြစ်သည်။
အမြင့်တက်ခြင်းသည် နှလုံး-အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို တိုးတက်စေသည်။ လူစုလူဝေးကနေ သင်ပိုဝေးလေလေ အောက်ဆီဂျင်ကို သန့်စင်လေပါဘဲ။
၄။ Walking improves muscular fitness လမ်းလျှောက်ခြင်းသည် ကြွက်သားကြံ့ခိုင်မှုကို တိုးတက်စေသည်။
အဆစ်များပေါ်တွင် ဖိအားအလွန်အကျွံမတင်ဘဲ၊ သင်အကွေ့အကောက်၊ တိမ်းစောင်းသည့်လမ်းကြောင်းကို သွားလာသည့်အခါ သင့်ခြေထောက်များ၊ glutes နှင့် core များရှိ ကြွက်သားများသည် ကြီးထွားလာပြီး အားကောင်းလာမည်ဖြစ်သည်။
၅။ When you amble, you experience movement for the joy of it ပျော်မွေ့နေသောအခါ ပျော်ရွှင်မှုကို ခံစားရသည်။
ကယ်လိုရီလောင်ကျွမ်းမှု သို့မဟုတ် ပြိုင်ဆိုင်မှုများအတွက်မဟုတ်ဘဲ လှုပ်ရှားမှု၏ရွှင်လန်းမှုအတွက် တံခါးအပြင်သို့ထွက်ကာ ပတ်ဝန်းကျင်တခုလုံး၏ လှပမှုကို မျက်လုံးဖွင့်လိုက်ပါ။
၆။ Hiking improves creativity အမြင့်တက်ခြင်းသည် တီထွင်ဖန်တီးနိုင်စွမ်းကို တိုးတက်စေသည်။
တံခါးအပြင်မှာ အချိန်ဖြုန်းပါ၊ အာရုံစူးစိုက်မှု အတိုင်းအတာနဲ့ ဦးနှောက်စွမ်းအားတွေ တိုးလာတယ်။ ထိုင်နေတာထက် တက်ကြွနေတဲ့အခါ တီထွင်ဖန်တီးမှု အရည်တွေက ပိုပြီးလွတ်လပ်ပါတယ်။
၇။ Walking increases bone density လမ်းလျှောက်ခြင်းသည် အရိုးသိပ်သည်းဆကို တိုးစေသည်။
အထူးသဖြင့် အလေးအပင်တခုခုနဲ့ လမ်းလျှောက်လေ့ကျင့်ခန်း များများလုပ်ပါ။
၈။ Hiking improves your connections အမြင့်တက်ခြင်းသည် ချိတ်ဆက်မှုများကို ပိုမိုကောင်းမွန်စေသည်။
လမ်းလျှောက်ခြင်းသည် သင့်အား နေ့စဉ်စိတ်ဖိစီးမှုများကြောင့် အနှောင့်အယှက်မဖြစ်စေဘဲ လမ်းလျှောက်သူများနှင့် သင့်အတွင်းစိတ်နှင့် ချိတ်ဆက်မှုကို တိုးတက်စေပါသည်။ တယောက်တည်းရှိတဲ့အခါ သာယာတဲ့ တိတ်ဆိတ်မှုက အားပြန်သွင်းတယ်။
၉။ The challenge increases self-esteem စိန်ခေါ်မှုသည် မိမိကိုယ်ကို လေးစားမှု တိုးစေသည်။
စိန်ခေါ်သောလမ်းကို လျှောက်လှမ်းခြင်းနှင့် လုပ်ရပ်များအတွက် တာဝန်ယူမှုကို လက်ခံခြင်းက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို မြှင့်တင်ပေးသည်။
၁၀။ A walk in nature offers beauty and appreciation of the simple things သဘာဝတရားတွင် လမ်းလျှောက်ခြင်းသည် ရိုးရှင်းသောအရာများ၏ လှပမှုနှင့် လေးမြတ်မှုကို ပေးစွမ်းသည်။
သဘာဝတရား၏ ကြီးကျယ်ခမ်းနားသော အသံများ၊ အနံ့များနှင့် မြင်ကွင်းများသည် စိတ်၏ အေးချမ်းမှုကို သက်ရောက်စေသည်။
၁၁။ Hiking improves balance အမြင့်တက်ခြင်းက ဟန်ချက်ညီစေတယ်။
မညီမညာသော မြေမျက်နှာသွင်ပြင်သည် သင်၏ ဟန်ချက်ညီမှုစွမ်းရည်ကို တိုးတက်စေပြီး မြေပြင်အဆင့်ပြောင်းလဲမှုများကို အလိုအလျောက် ချိန်ညှိနိုင်စေမည်ဖြစ်သည်။
၁၂။ Walking keeps you young and lowers the risk of early death လမ်းလျှောက်ခြင်းက နုပျိုစေပြီး စောစီးစွာ သေဆုံးနိုင်ခြေကို လျော့ကျစေပါတယ်။
European Society of Cardiology မှာ တင်ပြထားတဲ့ သုတေသနပြုချက်က နေ့စဉ် အလယ်အလတ် လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်တာ ဒါမှမဟုတ် ပြေးရတာတို့သည် အသက်ကို သုံးနှစ်ကနေ ခုနစ်နှစ်အထိ သက်တမ်းတိုးပေးနိုင်တဲ့ အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ အကျိုးကျေးဇူးတွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ တပတ်လျှင် ခုနှစ်နာရီ တက်ကြွရုံမျှဖြင့် လူ့သက်တမ်းကို တိုးစေသည်။
၁၃။ Grow your brain သင့်ဦးနှောက်ကို ကြီးထွားစေသည်။
မကြာသေးမီက သိပ္ပံပညာအရ တသမတ်တည်း လေ့ကျင့်ခန်းလုပ်ခြင်း (ကော်ဖီသောက်ပြီးနောက် မနက်ခင်း လမ်းလျှောက်ခြင်း) သည် ဦးနှောက်၏ အရင်းခံဖွဲ့စည်းပုံကို ပြောင်းလဲနိုင်ပြီး စိတ်ခံစားချက်နှင့် မှတ်ဉာဏ်နှင့် ဆက်စပ်နေသည့် hippocampus ရှိ ဦးနှောက်ဆဲလ်အသစ်များကို တိုးပွားစေနိုင်ကြောင်း တွေ့ရှိခဲ့သည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment