အတုစာမျက်နှာဖြစ်ပါသည်
အတု။ ကျွန်တော် မဟုတ်။ ကျွန်တော်က စာရေးဆရာမဟုတ်လို့ ဆောင်းပါးလို့ တခါမှ မသုံးပါ။ ရေးထားတဲ့စာတချို့ ကျွန်တော့်ဘလော့ကနေယူသုံးတယ်။ အမေး အဖြေတွေလုပ်နေတယ်။ ကျွန်တော် မသိ။ သတ်ပုံကလည်း ပေါ်လစီအရ တ ကို တစ် လုပ်ထားတယ်။ ကျွန်တော်က အဲလိုဟာ မရေးပါ။ ခဏခဏ (ခဏခဏ) ဖြေထားရတယ်။ အတု။
- အခုက မေးမိပြီဆရာ ပုံတွေပါပြမိပြီဆရာ လူလိမ်တွေ ဘယ်လောက်ထိလိမ်နေကြမလဲသိဘူး ရှက်စရာဆိုပြီး ဘယ်သူ့ကမှ အကျယ်ကျယ်မလုပ်ကြတာနေမယ်။
ခဏခဏတင်ပြတာပဲ။ ပိတ်လည်းမရသေး ရီပို့ လည်း လုပ်ပေးကြတယ်။
- ကျွန်မ ဒေါသလဲထွက် ဝမ်းလည်းနည်း ဘယ်လိုတုန့်ပြန်ရမလဲ ရှေ့နေနဲ့တိုင်ပင်ရမလား
အမေး အဖြေတွေကလည်း ပီပလာ ညုတုတုတွေပါသေး။ ကျွန်တော်က အဲလိုမရေးသားပါ။
- ဟုတ်ကဲ့ဆရာ ကျွန်မကလည်း လောလောလောလောနဲ့ ဝေဒနာခံစားနေရသူကိုး ဘယ်ညာ မကြည့်မိဘူး သူက ပြန်ပြောတာကလဲ ကျန်းမာရေးနော့လိပ်ရှိနေတယ်ဆိုတော့ ပုံတွေ ပို့မိတယ်။
ပုံပို့ခြင်းစည်းကမ်းရှိတယ်။ ပုံတွေမလိုတာများတယ်။
တခြားအတုစာမျက်နှာကနေ အမျိုးသမီး မမြင်ကွယ်ရာကပုံကို တောင်းသတဲ့။ (ကန်တော့။)
အဟုတ်ထင်မှတ်ပြီး ပေးတဲ့သူကလည်း ပေးသတဲ့။ ငွေညှစ်သတဲ့။
၃၁-၇-၂၀၁၉ နေ့က ရေးထားတာဖြစ်ပါတယ်။ စာမျက်နှာအတု ၅-၆ ခုတော့ သိလိုက်တယ်။
၂၀၂၄-၂၀၂၅ ရောက်တော့ ကျားဖြန့်ဆိုတာ ပေါ်လာရော။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment