Chronic leg ulcer နာတာရှည်ခြေထောက်နာ
အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။ မေးခွန်းတွေထဲက သတ်ပုံတချို့ကို ပြင်လိုက်တယ်။ ဆောရီး။
၁။ ဆရာခင်ဗျာ ရိုသေစွာနှင့် သိချင်တာလေး မေးခွင့်ပြုပါ။ ကျွန်နော့်သား အသက်က ၁၅ နှစ်ပါ ၄ တန်းအရွယ်ကတဲ့က ခြေသလုံးမှာ အနာပေါက်ပါတယ် အခု ၉ တန်းရောက်ပါပြီ ဆေးခန်းတွေလဲစုံပါပြီ မြန်မာ့ တိုင်းရင်းဆေးခန်းတွေလဲ စုံပါပြီ ပြသသည့် ဆေးခန်းတိုင်းကုသည့် ဆရာတိုင်း ဘာဖြစ်တာ ဘာရောဂါ ဘယ်လိုကြောင့်ဖြစ်တာ ဘယ်လို ကုသရမယ်ဆိုတာ တိကျတဲ့အဖြေ မထွတ်ပါဘူး တယောက် တမျိုးအဖြေထွတ်နေပါတယ်။ မြန်မာတိုင်းရင်းဆေးကတော့ နှင်းခူလို့ ပြောပါတယ်။ အခုထိ မသက်သာသလို အနာက ခြောက်မလိုလိုနဲ့ ပြန်ပြီး စိုစိုလာပါတယ်။ ဆရာတွေ ဆေးခန်းတွေလဲစုံပါပြီ အခုထိ မသက်သာလို့ မန္တလေးအရေပြားဌာနကိုဘဲ သွားပြတော့မယ်လို စဉ်းစားထားပါတယ် ရောဂါနဲ့ ကုသနည်းလေး အကြံပေးပါအုန်းခင်ဗျာ ရိုသေစွာနှင့် ပုံပါ ပို့လိုက်ပါသည် ခင်ဗျာ။
၂။ ဆရာရှင့် ကျေးဇူးပြုပြီး သမီးရောဂါကိုဖြေပေးပါရှင်။ ဒီလို ရေအိတ်လေးကနေ စဖြစ်ပြီး အနားတွေ ဖြစ်လာပါတယ်။ ဒီနေရာတွေပဲ ကောင်းလိုက် ပြန်ဖြစ်လိုက်ပါပဲ။ ကုနေတာလည်းနှစ်ပေါင်းကြာလှပြီ။ ခုသမီး အသက် ၃၅နှစ်ရှိပါပြီ။ အသက် ၁၅ နှစ်ကတည်းက ဖြစ်နေတာပါ။ ခြေနှစ်ဖက်စလုံး ဒီနေရာတွေ ပဲ ထပ်ထပ်ဖြစ်နေတာပါရှင်။ သမီးရောဂါက မပျောက်ကင်းနိုင်တော့ဖူးလား။ ကြာလာတော့လည်း လူတောမတိုးရဲတော့ဖူး။ နည်းလမ်းလေးတွေ ပြောပြပေးပါနော်။ ငွေကြေးကလည်း အဆင်မပြေတော့ ရှိတဲ့ခါလေးဆေးခန်းပြလိုက် မရှိတဲ့ခါလေး သောက်ဆေးနဲ့ တည်းထားလိုက်ပေါ့။
ခြေထောက်မှာ အနာတွေပေါက်ရင် ၃ လထက်ပိုမကြာပဲပျောက်တယ်။ ၁၂ လအထိမပျောက်သေးတာကို Chronic leg ulcer နာတာရှည်ခြေထောက်နာလို့သတ်မှတ်တယ်။ ဆေးလိပ်သောက်တာ၊ လူဝတာနဲ့ ဆီးချိုတွေကနေ ပိုဆိုးစေတယ်။ အသက် ၆ဝ ကျော်သူတွေထဲမှာ ဝ့၆% ကနေ ၃% အထိဖြစ်တယ်။
ရောဂါဗေဒမှာ Ulcers အနာဆိုတာ အရေပြားတခုလုံးနက်တယ်။ ပျောက်ဘို့ကြာတယ်။ အရေပြား Epidermis လွှာ တခုလုံးပျက်စီးနေမယ်။ Dermis တစိတ်တပိုင်းကျန်နိုင်တယ်။ အောက်အဆီလွှာသာထိ ရောက်မယ်။ အသက်ကြီးလေ ပျောက်ခဲလေဖြစ်တယ်။ နာမယ်။ အသားနုတက်လိုက် ပြန်ဖြစ်လိုက်ဖြစ်မယ်။ အနံ့ထွက်မယ်။ လူမှုရေးနဲ့ စိတ်ပိုင်းထိခိုက်လာမယ်။
Venous insufficiency သွေးပြန်ကြောကနေဆက်ဖြစ်တာ ၇ဝ% ရှိတယ်။ Arterial disease သွေးလွှတ်ကြောရောဂါ ၁၀% ရှိတယ်။ ၁၅% မှာ နှစ်မျိုးရောနေတယ်။ ၅% ကတော့ ရှားပါးတဲ့အကြောင်းနဲ့ဆက်နေတယ်။
Vasculitis ulcers သွေးပြန်ကြောင်ရောင်စေတဲ့ အများဆုံးအကြောင်းခံက rheumatoid arthritis လေးဖက်နာ၊ systemic lupus လူးပတစ်နဲ့ polyarteritis nodosa ခေါ်ရောဂါပြီးစနစ်ကမောက်ကမရောဂါတွေဖြစ်တယ်။ Blood dyscrasias သွေးရောဂါတွေကတော့ sickle-cell disease, thalassaemia, thrombocythaemia, and polycythaemia rubra vera တွေဖြစ်တယ်။ leukaemia, hereditary spherocytosis, thrombotic thrombocytopenic purpura, granulocytopenia နဲ့ polyclonal dysproteinaemia သွေးရောဂါတွေကနေလည်းဖြစ်စေနိုင်တယ်။
Diabetic Foot Ulcer ဆီးချိုရှိသူ ၁၅% မှာ ခြေထောက်နာတွေဖြစ်တယ်။ Pressure Ulcer ဖိအားနာခေါ်တာက အသက်ကြီးသူတွေ အိပ်ယာမှာလှဲနေရသူတွေမှာဖြစ်တယ်။ အိပ်ယာနာလို့လည်းခေါ်တယ်။
ကုသရတာခက်ပါတယ်။ ဆောရီး။ ဘာကနေဖြစ်သလည်းသိရမယ်။ ခွဲစိတ်ကုသမှုလည်းပါတယ်။ အနာစောင့်ရောက်မှု လုပ်ရတယ်။ ကျန်းမာရေးအသိလိုတယ်။ လူနေမှုပုံစံပြောင်းရမယ်။
Venous leg ulcers အနာတွေကို Allogeneic neonatal keratinocytes + Fibroblasts ဖြန်းဆေး cells per mL ကို ၁၄ ရက်တခါလုပ်ပေးတယ်။ Regenerative medicine အသစ်ပြန်ဖြစ်စေတဲ့ဆေးတွေလည်းသုံးတယ်။ (စတမ်ဆဲလ်) အစွမ်းမျိုး မျှော်လင့်လို့ပါ။ Hevea brasiliensis ကနေထုတ်တဲ့ဆေး natural biomembrane of latex ကိုလည်း သုံးတယ်။
ဆေးတွေကို မြန်မာပြည်မှာ လက်လှမ်းမီမယ်တော့မထင်ပါ။ ဆေးတွေကလည်း ယူအက်စ်အေမှာ ဆေးသုတေသနတွေ လုပ်နေတာမျိုးဖြစ်တယ်။ မြန်မာပြည်မှာ သုတေသနပေါင်းစုံရှိလာစေချင်တယ်။ တိုင်းပြည်ကုံလုံကြွယ်ဝမှာသာ အဲတာမျိုးက တတ်နိုင်တယ်။ မြန်မာပြည်ကြီး ချမ်းသာပါစေ။ ဝေဒနာသည်တွေ ကျန်းမာပါစေ။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment