Leafy Green Is In Season Right Now အရွက်စိမ်း ရာသီ

နွေရာသီမှာ ရောင်စုံအရွက်စိမ်းတွေပေါများတယ်။ ကောင်းတယ်။ မြန်မာပြည်မှာမရှိသေးလည်း အလားတူအရွက်တွေကို ချိန်ထိုးကြည့်နိုင်ပါတယ်။

Swiss chard မြန်မာလိုအခေါ် တိတိကျကျမရှိသေးပါ။ အရွက်ဖါးဖါး စိမ်းစိမ်းတွေပေါတဲ့ရာသီဖြစ်ပါတယ်။

ဆွဇ်ဇာလန်ရွက်မှာ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗီတာမင် အေ၊ စီ နဲ့ ကေ တို့အပြင် အခြား အာဟာရဓာတ်တွေ ပါဝင်တယ်။

အရွက်စိမ်းလို့ ယူဆနိုင်ပေမဲ့ စိမ်းလန်းရုံသာမက ရိုးတံတွေက အဝါရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်နဲ့ အနီရောင်အထိ ရှိနိုင်လို့ သက်တံရောင်လို့လည်း အမည်ပြောင်ပေးထားသည်။

ကျန်းမာရေး အကျိုးကျေးဇူးများ

ဗီတာမင် အေ နဲ့ ကေ။ ဘီတာ-ကာရိုတင်း၊ လူတင်၊ ဘီတာလိန်နဲ့ အာပီဂျင်နင် အပါအဝင် phytonutrients တွေလည်း ပါတယ်။ ရောင်ရမ်းမှုကိုဆန့်ကျင်ပြီး ပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိပါရှိတယ်။

ဆဲလ်တွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက်ပေးပြီး ဆဲလ်ပျက်စီးမှုကို ဟန့်တား သို့မဟုတ် နှောင့်နှေးစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအဖြစ် လုပ်ဆောင်ပေးတယ်။

ဟင်းနုနွယ်ရွက်နဲ့ ကိုက်လန်တို့လို တခြားအရွက်စိမ်းတွေထက် ဗီတာမင် K ပိုများတယ်။ Swiss chard တခွက်မှာ ဗီတာမင် K အတွက် နေ့စဉ်တန်ဖိုး (DV) ရဲ့ 250% လောက်ပါဝင်ပြီး နှလုံးကျန်းမာရေးနဲ့ သွေးခဲမှုကို အထောက်အကူပြုတယ်။

အမျှင်ဓာတ်ကြွယ်ဝပြီး ချက်ပြုတ်ထားတဲ့ ဟင်းခွက်တခွက်မှာ 4 ဂရမ်ပါတယ်။

အမျှင်ဓာတ်က အစာချေဖျက်မှုကို ထိန်းညှိပေးပြီး ကောင်းတဲ့ဘက်တီးရီးယားတွေကို အာဟာရဖြစ်စေတဲ့ prebiotic ပံ့ပိုးပေးတယ်။

အစာစားပြီးနောက် သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို လျှော့ချရန် ကူညီပေးတဲ့ပမာဏနဲ့ အစာခြေခြင်းကို နှေးကွေးစေခြင်းဖြင့် ပြည့်ဝမှုကို မြှင့်တင်ပေးတယ်။

ဗီတာမင်အေ၊ ဗီတာမင်စီ၊ မဂ္ဂနီဆီယမ်နှင့် အခြားအာဟာရဓာတ်များ ကြွယ်ဝစွာပါရှိတယ်။

ဗီတာမင် စီ နေ့စဉ်တန်ဖိုးရဲ့ 12% ဟာ ဟင်းခွက်တခွက်စာမျှသာ ဖြစ်တယ်။ ဗီတာမင်စီကနေ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လုပ်ဆောင်ရုံသာမက တစ်သျှူးကြီးထွားမှုနဲ့ ပြုပြင်မှု၊ အရေပြား၊ သွေးကြောများနှင့် အခြားအရာများကို ထောက်ပံ့ပေးတယ်။

အဓိကသတ္တုဓာတ်များ (တခွက်လျှင်)

မဂ္ဂနီဆီယမ် 29.2 မီလီဂရမ်၊ 7% DV

မန်းဂနိစ် 0.1 မီလီဂရမ်၊ 5% DV

သံဓာတ် 0.6 မီလီဂရမ်၊ 3% DV

ပိုတက်စီယမ် 136 မီလီဂရမ်၊ 3% DV

ချက်ပြုတ်နည်း

နူးညံ့ပြီး သိမ်မွေ့တဲ့ အခါးအရသာကြောင့် နည်းအမျိုးမျိုးနဲ့ ချက်ပြုတ်ဖြစ်နိုင်တယ်။ နူးညံ့တဲ့ရိုးတံများရှိလို့ ကြော်တဲ့အခါ သေချာစေရမယ်။

သံလွင်ဆီ၊ ဆား၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူအနည်းငယ်နဲ့ ရောနယ်ပြီး ချက်ကြတယ်။

ရိုးရိုးမွှေကြော်၊

ကြက်ဥမွှေကြော်၊

ဟင်းချို၊

အသားထုပ်၊

စွပ်ပြုတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ