Relieving Ear Pressure နားဖိအားတိုးတာကိုသက်သာစေနည်းများ
မင်္ဂလာပါဆရာ သမီး ပြီးခဲ့တဲ့ တစ်ပတ်(တပတ်) နှာစေးချောင်းဆိုး ချွဲ သလိပ်တွေ ကပ်ကပ်နေတာ နှာခေါင်းထဲ ပြန်ပြန်သွင်းမိရာကနေ ခုအပတ်ထဲ နားတွေအူပြီး အကြားအာရုံလျော့နည်းသွားလို့ပါဆရာ ဘယ်ဆေးလေး ဝယ်သောက်ရင်အဆင်ပြေနိုင်လဲဆရာရှင့် ဖြေကြားပေးပါအုံးရှင် နားတွေအူပြီးနေရခက်နေလို့ပါဆရာရှင့်
သမီးဆိုသူ အသက် မသိပါ။ ကိုယ်တိုင်လား မေးတဲ့သူရဲသမီးလား မသိပါ။
အသက်ရှုလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်းနဲ့ အလာဂျီခေါ် ဓာတ်မတည့်ခြင်းကြောင့် ရောင်ရမ်းခြင်းနဲ့ ချွဲသလိပ်ထွက်တာတွေအပြင် Eustachian ခေါ် နားနဲသက်ဆိုင်တဲ့ပြွန် တစိတ်တပိုင်းပိတ်ဆို့နိုင်တယ်။ အရည်တွေစုပုံလာပြီး နားဖိအားတိုးလာစေနိုင်တယ်။
နားဖိအားကို သက်သာစေရန် အကြံပြုချက်များ
အလိုလိုသက်သာသွားတတ်တယ်။ တပတ်ထက်ပို ကြာရှည်နေရင် Eustachian tubes ပွင့်စေရန်၊ နှာခေါင်းနဲ့ လည်ချောင်းပိတ်နေတာကို သက်သာစေရန် နည်းတွေ လိုအပ်နိုင်တယ်။
antihistamines ဆေး တခုခု
Claritin (loratadine), Zyrtec (cetirizine), Allegra (fexofenadine), and Xyzal (levocetirizine).
Benadryl (diphenhydramine), Chlor-Trimeton (chlorpheniramine), Tavist (clemastine), and NyQuil (doxylamine).
Azelastine (Astepro), Olopatadine (Patanase), and Hydroxyzine (Vistaril).
decongestants ဆေးတခုခု
Oral Decongestants စားဆေးများ
Pseudoephedrine (Sudafed, Contac Cold)
Phenylephrine (Sudafed PE, Dristan, and Neo-Synephrine)
Oxymetazoline (Afrin, Vicks Sinex, and Zicam)
Loratadine/Pseudoephedrine (Claritin-D and Alavert-D)
Nasal Decongestants နှာခေါင်းထည့်ဆေးတခုခု
Oxymetazoline (Afrin, Dristan, Vicks Sinex, Zicam Sinus Relief)
Phenylephrine (Neo-Synephrine, Rhinall, Sinex)
Xylometazoline
Benzedrex Inhaler (propylhexedrine)
Dristan (phenylephrine or oxymetazoline)
Vicks Sinex (Contains oxymetazoline)
Zicam: Includes both nasal spray and gel formulations with oxymetazoline.
Allerest 12 Hour Nasal Spray: Contains oxymetazoline.
Duramist Plus: Also contains oxymetazoline.
Four-Way Nasal Spray: Contains oxymetazoline.
အခြားနည်းများ
အစားအသောက်တမျိုးမျိုးကို မျိုချပါ။
သန်းဝေလိုက်ပါ။
Chewing gum ပီကေဝါးပါ။
throat lozenge or hard candy ချိုချဉ်လို တခုခုသုံးပါ။
နှာခေါင်းကိုပိတ်ထားစဉ် ပါးစပ်နဲ့ ညင်သာစွာ အသက်ရှုပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment