Ringworm ပွေး


ဆရာ မဂ်လာပါ။ ကျား အသက် ၅၀၊ အေသွေး။ လက်ချောင်း၊ ပေါင်ကြား၊ တင်ပါး၊ ပွေးပေါက်နေပါတယ်၊ လေးလကြာပါပြီ၊ရပ်ကွတ်ဆေးဆိုင်ကလိပ်ဆေးသောက်ဆေးအသုံးပြုသော်လည်ပျောက်လိုက်ပေါ်လိုက်ဖြင့် အမြစ်ပျက်မသွားပါသဖြင့်၊ဘာဆေးလိမ်းပြီး၊ ဘာဆေးသောက်ရမလဲဆိုတာ ညွှန်ပြပေးပါလားဆရာ ကျေးဇူးတင်ပါသည်ဆရာ၊ လေးစားစွာဖြင့်

Tinea Corporis or Tinea Circinata (Ringworm) ပွေး

• Miconazole, Clotrimazole, Butenafine နဲ့ Terbinafine လိမ်းဆေး။ အမြင်အရ ပျောက်သွားတဲ့နောက် ၁-၂ ပါတ် အထိ ဆေးပေးပါ။

• Griseofulvin 250–500 mg ကို တရက် ၂ ကြိမ်။ Itraconazole 200 mg daily ၁ ပါတ်၊ Terbinafine 250 mg daily ၁ လ၊ Griseofulvin က အရေပြားမှာ ဖြစ်တဲ့ မှိုရောဂါတွေအတွက် အကောင်းဆုံးဖြစ်တယ်။ ဦးရေခွံနဲ့ လက်သည်း ဖြစ်ရင်တော့ မရဘူး။

• Fluconazole က Mucocutaneous Candidiasis အတွက် အကောင်းဆုံးပါ။

• Ketoconazole က တလကျော်ပေးရင် အသဲကို ထိခိုက်နိုင်တာမို့ Tinea Versicolor ကလွဲရင် မပေးတော့ပါ။

Ringworm ပွေး https://dr-tint-swe.blogspot.com/2021/05/ringworm.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ