
ဆရာရှင့် ကျေးဇူးပြု၍ဖြေကြားပေးပါအုံးရှင့် ကျွန်မပါးစပ်တွေခါးနေတာ ၅လကျော်ရှိပီ(ပြီ) အခုပိုဆိုးလာလို့ဘယ်လို ဆက်ကုသရမလဲရှင့် ၂၀၂၃ ကအစာအိမ်ရောအူလမ်းကြောင်းလည်းမှန်ပြောင်းကြည့်ထားပါတယ် အဲ့တုန်းက အစာအိမ်နဲ့အူနဲအနည်းငယ်ယောင်ပါတယ် အဲ့လိုပြောတယ် အသည်းအနည်းငယ်ယောင်(ရောင်)တယ်ဆိုပီး(ပြီး) အစာအိမ်ပိုးအနည်းငယ်တွေ့လို့ ပိုးသတ်ဆေးတွေလည်း သောက်ပီးပါပီ(ပြီးပါပြီ) အဲ့ကနေ ၂၀၂၄ ခုနှစ် ၁၂လပိုင်းလောက်က ချောင်းဆိုးချွဲထသလိုဖြစ်ပီး(ပြီး) ပါးစပ်တွေခါးပီး အစာပျို့သလိုသီးသလိုဖြစ်ပီး(ပြီး) ချောင်းဆိုးတော့ အစာအိမ်သမားတော်ဆီသွားတော့ Gerd ဖြစ်တယ်ဆိုပီး(ပြီး) ဆေးတွေသောက်ရပါတယ် ပီးတော့ အနည်းငယ်သက်သာလိုက် ပြန်ဖြစ်လိုက်ဆိုတော့ ဆရာကြီးဆီသွားပြောတော့ Gerd ဆိုသက်သာရမှာ သူ့ဘက်က ဆေးတွေ ပေးသင့်သလောက် ပေးပီးပီ(ပြီးပြီ) ချောင်းဆိုးတာအတွက်လည်း အဆုတ်အထူးကုဆီပြရမှာဆိုပီး(ပြီး) ညွန်းတော့ အဆုတ်သမားတော်ဆီသွားတော့ X ray ရိုက်တယ် အဆုတ်မူန်တိုင်းတယ် ECG ဆွဲတယ် အဖြေကောင်းတယိပြောပါတယ် တီဗီ(တီဘီ)မရှိဘူးတဲ့ လေပြွန်အနညိးငယ်ပဲယောင်တယ်တဲ့ အဲ့ဒါနဲ့ဆေးပေးပီး(ပြီး) သောက်ခိုင်းပါတယ် ကျွန်မသောက်တယ် နောက်လည်း အရမ်းမသက်သာတော့ အဆုတ်ဆရာမဆီပြောပြတော့ အစာအိမ်ကြောင့်လားဆိုပီး(ပြီး) အစာအိမ်မှန်ပြောင်းထပ်ကြည့်ပါတယ် ပီး(ပြီး)တော့အဆုတ် CTထပ်ရိုက်တယ် အဲ့တော့လည်း အစာအိမ်အနည်းငယ်ယောင်(ရောင်)တယ်ပဲ အဖြေထွက်တယ်အဆုတ် CTအဖြေမှာလည်း တီဗီ(တီဘီ)မရှိဘူးတဲ့ ဒါပေမဲ့ ကျွန်မက ချောင်းဆိုးတာသက်သာသွားပါပီး(ပြီး) ပါးစပ်တွေအရမ်းခါးနေတာ မသက်သာဘူး ပိုဆိုးလာလို့ အသည်းဆရာဝန်ဆီထပ်ပြပီး(ပြီး) liver function test စစ်တော့လည်း normal ပဲတဲ့ အနည်းငယ်တော့ အသည်းယောင်(ရောင်)တယ်ဆိုပီး(ပြီး) အက်ထရာဆောင်းမှာပြတယ် ဒါပေမဲ့ ကျွန်မပါးစပ်အရမ်းခါးနေတာ လက်ရှိမှာမသက်သာသေးဘူး သတ္တူလိုအရသာမျိုးနဲ့ ခါးခါးကြီး ရေသောက်ရင်ရော အစာစားပီး(ပြီး)ရင်ရော ဘာကြောင့်လဲဆရာ ဘာနဲ့များသက်ဆိုင်လဲရှင့် အကြံဥာဏ်လေးပေးပါအုံးရှင့်
A bitter taste in the mouth ပါးစပ်ခါးခြင်း
အကြောင်းခံအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်။
poor hygiene ခံတွင်းသန့်ရှင်းရေး၊
Dry Mouth (Xerostomia) ခံတွင်းခြောက်ခြင်း၊
oral thrush မှက်ခရုပိုး၊
Acid reflux (GERD) အစာခြေအရည်အထက်ဆန်ခြင်း၊
dehydration ရေဓါတ်နည်းခြင်း၊
certain medications ဆေးတချို့၊ antibiotics ပိုးသေဆေးတချို့၊ antihistamines အင်တီဟစ်တမင်းဆေး၊ diabetes medications ဆီးချိုဆေး။
hormonal changes ကိုယ်ဝန်ဆောင်စဉ်နဲ့ သွေးဆုံးကာလ ဟော်မုန်းအပြောင်းအလဲ၊
Systemic illnesses
တခြားရောဂါများ
colds or sinus infections အအေးမိခြင်းနှင့် ဆိုင်းနပ်စ် ခေါ် ရောဂါ၊
nerve damage သက်ဆိုင်ရာအာရုံကြောပျက်စီးခြင်း၊
exposure to certain chemicals ဓါတုပစ္စည်းများနှိင့်ထိတွေ့မိခြင်း၊
mineral deficiencies သွပ်ဓါတ်ဆားနည်းခြင်း။
Chemotherapy & Radiation Therapy ဓါတ်ကင်ရခြင်း၊
ဒေါက်တာတင့်ဆွေ
Comments
Post a Comment