ဖ ဖရုံပေါ တို့ယာတော

ကျွန်တော်က ဖရုံရွက်ကို ဗူးရွက်ထက် ကြိုက်တယ်။ ဗူးရွက်လည်း စားပါတယ်။

ဖရုံညွန့်နဲ့ ဖရုံပွင့်ကို ပိုကြိုက်တယ်။ ကောင်းတယ်။

အစားအသောက်မှာ လူတွေက အကြိုက်မတူကြပါ။

အရာရာရွေးချယ်တာလည်း မတူကြပါ။ လူတွေ အကြိုက်မတူခြင်းဟာ ပုံမှန်ဖြစ်စဉ်သာ။

စားကောင်းတာကိုသာ စားမှသာ ပုံမှန်။

စားကောင်းတာတွေကို ဟိုဟာက ကင်ဆာဖြစ်၊ ဒီဟာက ကင်ဆာပျောက်လို့ရေးတာတိုင်းက မှားတယ်။

အရပ်ဆေးနည်းတွေ တင်ကြတယ်။ စာလုံးပေါင်းရေးတာခက်၊ ဘယ်လိုက်ရှာရမှန်းမသိတာတွေ။ ဆေးသုတေသနလည်း မရှိ။ 

မြက်ပင်မျိုး၊ ပေါင်းပင်မျိုးတွေ။ လူကြိုက်ကတော့ များတယ်။ မှားတယ်။

ကျွန်တော်က ကင်ဆာ ပို့စ်တွေ၊ ကင်ဆာ ဂရုတွေ၊ ကင်ဆာ ပေ့ချ်တွေနဲ့ မတည့်။

အသိ၊ သုတ၊ အတွေး မှန်ကန်ကြပါစေသတည်း။

အတွေးအမြင်ကင်ဆာ ပျောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ