ကိုယ့်အသက်ကိုပြောရဲသူများ ဖြစ်ကြပါစေသတည်း

ကျွန်တော် ကျန်းမာရေးမေးတာတွေကို ဖြေနေတာ ၁၅ နှစ်ရှိပြီ။

အစောပိုင်းနှစ်တွေမှာ မေးခွန်းတွေက အတော် အဆင်မပြေပါ။

နေမကောင်းတဲ့သူ (မေးတဲ့သူ ဟုတ်ချင်မှ ဟုတ်တယ်) အသက်၊ ကျား၊ မ ထည့်မရေးကြပါ။ ဆရာဝန်က ဖြေလို့မရ။ ပြန်မေးပြန်တော့လည်း အသက်၊ ကျား၊ မ စုံအောင်မပါပြန်။

အခုစာက နှစ်ပတ်လည်စာ။ ပြီးခဲ့တဲ့တနှစ်အတွင်းမှာလည်း အသက်မပြောပဲမေးတဲ့အရေအတွက် နည်းမသွားခဲ့ပါ။

ကလေး လူကြီးမသိရတော့ ဆေးအလေးချိန် မှားနိုင်တယ်။

မြန်မာလူမျိုးတွေ ကိုယ့်ကို ကုသပေးနေတဲ့ ဆရာဝန်ကို ကိုယ့်အသက်ပြောရဲတဲ့ သတ္တိမွေးကြစေချင်တယ်။

ဆေးရုံမှတ်တမ်းဆိုတာ ဖေ့စ်ဘွတ် ပရိုဖိုင်း မဟုတ်ပါ။

လူအမည် မလိုပါ။

၂၀၂၃-၂၀၂၄-၂၀၂၅ ရောက်တော့ နည်းနည်း တော်လာပါတယ်။ သိပ်အရေးမကြီးလှတဲ့ အရပ်နဲ့ ကိုယ်အလေးချိန်တွေ ပါလာတယ်။

သား နဲ့ သမီး လို့ ရေးတာတိုင်းကို မေးတဲ့သူလား သူ့သားသမီးလားကတော့ ထပ်မေးနေရတုန်း။

အသက်၊ ရက်တွေကို ၁-၂-၃-၄ နဲ့မရေးသူက ၈၀% လောက်ရှိတယ်။ 1-2-3-4 အတွ။ အဲဒါကလည်း ဖေါင့်ရောဂါ။

ဗျ၊ ဗျာ၊ ရှင်၊ ရှင့် စာလုံးတွေ ပျောက်ပြီး နော် တဲ့။ အလင်းပြပါ တဲ့။ ဂွကျတယ်။

ဖြေပေးလို့ ရမလားတဲ့။ ဆရာဝန်ကို ရောဂါသိရင်ဖြေပေးပါတဲ့။

ကျောင်းတွေမှာ လက်တာရိုက်တင်း ခေါ် စာရေးနည်း မြန်မာစာမှာ မသင့်တော့ပြီလား မသိ။

အဘရောဂါတော့ ၁၀ နှစ်လောက်အကြာမှာ သက်သာလာတယ်။ အတော်ကုလိုက်ရတယ်။

ဒေါက်တာတင့်ဆွေ 

၂၆-၈-၂၀၁၈

၂၆-၈-၂၀၂၅

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ