စဉ်းစားချင့်ချိန်မှု ကင်ဆာ
စဉ်းစားပါ
၂၀၁၈ ခုနှစ်အတွင်း တကမာ္ဘလုံးမှာ ကင်ဆာအမျိုးမျိုးကြောင့် သေဆုံးရသူပေါင်း ၉့၆ သန်းရှိခဲ့တယ်။ လူ ၆ ယောက် သေဆုံးတိုင်း ကင်ဆာကြောင့်သေဆုံးရတာ ၁ ယောက်ရှိတယ်။
အမေရိကမှာ
၂၀၁၈ ခုနှစ်အတွင်း ကင်ဆာလူနာသစ်ပေါင်း 1,735,350 ယောက်ရှိပြီး 609,640 ယောက် သေဆုံးခဲ့တယ်။ အဖြစ်များဆုံးကင်ဆာတွေကို အစီအစဉ်အတိုင်း သည်လိုရှိတယ်။ အရင်ဆုံးရေးတာတွေက ပိုဖြစ်တယ်။
၁။ breast cancer ရင်သားကင်ဆာ၊
၂။ lung and bronchus cancer အဆုတ် ကင်ဆာ၊
၃။ prostate cancer ဆီးကျိတ်ကင်ဆာ၊
၄။ colon and rectum cancer အူမကြီး ကင်ဆာ၊
၅။ melanoma of the skin အရေပြားကင်ဆာ၊
၆။ bladder cancer ဆီးအိမ်ကင်ဆာ၊
၇။ non-Hodgkin lymphoma န်းဟော့ချ်ကင်း လင်ဖိုးမား ကင်ဆာ၊
၈။ kidney and renal pelvis cancer ကျောက်ကပ်ကင်ဆာ၊1
၉။ endometrial cancer သားအိမ်ကင်ဆာ၊
၁၀။ leukemia လူကီးမီးယားကင်ဆာ၊
၁၁။ pancreatic cancer သရက်ရွက်ကင်ဆာ၊
၁၂။ thyroid cancer လည်ပင်းကြီးကင်ဆာ၊
၁၃။ liver cancer အသည်းကင်ဆာ။
လူဦးရေတသိန်းမှာ ၄၃၉့၂ ယောက် ကင်ဆာဖြစ်တယ်။
လူဦးရေတသိန်းမှာ ၁၆၃့၅ ယောက် ကင်ဆာနဲ့ သေဆုံးတယ်။
ကင်ဆာနဲ့သေဆုံးသူတွေထဲမှာ ယောက်ျားက တသိန်းမှာ ၁၉၆့၈ ယောက်နဲ့ မိန်းမက တသိန်းမှာ ၁၃၉့၆ ယောက်ဖြစ်လို့ ယောက်ျားတွေကပိုပြီးကံဆိုးကြတယ်။ ဆောရီး။
မြန်မာပြည်မှာ မဟုတ်တဲ့သတင်းကို ရေးတင်သူတွေများတယ်။ မဟုတ်တာကို ထပ်ရှယ်တဲ့ ပွဲစားတွေလည်းများတယ်။
စဉ်းစားချင့်ချိန်မှုမှာ ကင်ဆာဖြစ်နေတာ ယောက်ျားများသလား၊ မိန်းမများသလား၊ ဆတူလား။
ဒေါက်တာတင့်ဆွေ
၂၇-၈-၂၀၁၉

Comments
Post a Comment