ကျောက်ဖရုံသီး ပရိုမိုးရှင်း
မေးခွန်းတခု = ဆရာ သားဉအိမ်ရေအိတ်တည်တာ ကျောက်ဖရုံသီး ကို ထားအိပ်ရင်ရေစုပ်တာဟုတ်လဆရာ မယုံပေမယ့် fb တွေ့ နေလို့ပါဆရာ။ပြန်စာ
ရောင်းတဲ့သူက ရေးတာဖြစ်ပါမယ်။
ကျောက်ဖရုံသီးကို ရိုးရိုးတန်းတန်းရောင်းလည်း ဝယ်ကြပေမဲ့ အရောင်းမြှင့်နည်းသုံးကြတာ။
အဲလိုဘဲ ကင်ဆာဆေးဆိုပြီး ဘယ်မှာလိုက်ရှာရမှန်းမသိ၊ အရွက်အပွင့်အမည်စာလုံးပေါင်းအမှားတွေကိုလည်း ရောင်းအားမြှင့်ကြတယ်။
ဆီးချိုပျောက်ဆေးဆိုပြီးလည်း ပေါင်းပင်တွေ၊ မြက်ပင်တွေကိုလည်း ရောင်းအားမြှင့်ကြတယ်။
ကိုဗစ်ကာလတုန်းကဆို လူတိုင်းလူတိုင်းက နေ့စဉ်နေ့တိုင်းစားကြကာတွေကို ရောင်းအားမြှင့်ကြတာ ရောင်းလို့မလောက်၊ အတော်အမြတ်အစွန်းရသတဲ့။
ခေတ်ကလည်း 'မားကက်တင်း' တို့၊ 'ပရိုမိုးရှင်း' တို့၊ 'ဂရင်အိုးပင်နင်း' တို့ စာလုံးလေးတွေပါရင် အလုပ်ဖြစ်တယ်။
ရောင်းတဲ့သူတွေက 'မင်မင်' တဲ့။ ဝယ်တဲ့သူတွေက 'ကင်ကင်' တဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment