နေ့စဉ် အကျင့်ကောင်းများ
၁။ လေ့ကျင့်ခန်း ၁ နာရီလုပ်ပါ။
၂။ ရေ ၂ လီတာ သောက်ပါ။ (မှတ်ချက် လိုအပ်ချက်နဲ့ ရာသီဥတုအပေါ်မူတည်သည်။)
၃။ လက်ဖက်ရည် ၃ ခွက် သောက်ပါ။ (မှတ်ချက် များတယ် ထင်ပါတယ်။)
၄။ နေ့လယ်စာ၊ ညစာစားတာထဲမှာ အရောင်စုံပါပါစေ။ (မှတ်ချက် ဆိုးဆေးကိုပြောတာ မဟုတ်။)
၅။ ၅ မိနစ် တရားထိုင်ပါ။ (မှတ်ချက် အချိန်ရရင် ပိုသွားလည်း ငရဲမလား။)
၆။ စိတ်ခွန်အားပေးတဲ့ သီချင်း ၆ ပုဒ်နားထောင်ပါ။ (မှတ်ချက် အလွမ်းသီချင်းတွေ မဟုတ်။)
၇။ ၇ မိနစ်ကြာ ရယ်မောပါ။
၈။ ၈ နာရီကြာ အိပ်စက်ပါ။
၉။ စာတအုပ်က စာ ၉ မျက်နှာ ဖတ်ပါ။ (မှတ်ချက် အချိန်ရရင် ပိုဖတ်ပါ။ ဖတ်တဲ့စာက ရသ၊ သုတ ရပါစေ။)
ဒေါက်တာတင့်ဆွေ
.jpg)
Comments
Post a Comment