Carcinoembryonic Antigen ဆိုတာ

မင်္ဂလာပါ ဆရာ သူငယ်ချင်းက ရင်သားကင်ဆာဖြစ်နေလ်ု့ ဘန်ကောက်မှာပြနေနရပါတယ်ရှင် သွေးအဖြေမှာ CAE မြင့်​နေပါတယ် ရှင် CAE အဖြေကောင်းလေးရဖို့ ဆောင်ရန် ရှောင်ရန်လေး သိချင်လို့ပါ ရှင် ဒါလေး သိချင်လို့ပါ ရှင်

CEA ဖြစ်ပါတယ်။ CEA မဟုတ်ပါ။ ဆေးစာတွေမှာ တလုံးတလေလွဲသွားရင် အကုန်လိုက် မှားတယ်။

Carcinoembryonic Antigen ရဲ့ အတိုကောက်စာလုံး။

တချို့ကင်ဆာတွေမှာ ရှိသင့်တာထက် မြင့်နေတယ်။

အထူးသဖြင့် colorectal cancer အူမကြီးကင်ဆာ။ 

တခြားအခြေအနေတချို့မှာလည်း မြင့်တယ်။ ဥပမာ ဆေးလိပ်သောက်သူ။ inflammatory bowel disease အူရောဂါ။ liver disease အသည်းရောဂါ။

Normal levels 0 and 3 ng/mL ပုံမှန်။

များလာတာတော့ မကောင်းပါ။ 

မများလာအောင် ဘယ်လို နေထိုင် စားသောက်လို့ရပါသလဲ ရှင်

များမလာအောင် (မများလာအောင် မဟုတ်)။

ကင်ဆာကုသနည်းအတိုင်းသာ ဆက်လက်ကုသရပါမယ်။

အစားအသောက် ထူးရှောင်ရန် မလို။ ပုံမှန်သာစားသင့်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ