Group Discussion အုပ်စုလိုက်ဆွေးနွေးပွဲ

ကွန်မင့်တခု = ဆရာ ဒီ Group ထဲမှာ ရှိနေရင် အရမ်းကောင်းမှာပဲဗျာ။ ဒီ Group ထဲမှာ ဆရာလို လူ လမ်းပြပေးမယ့် ဆရာတွေ အများကြီး လိုအပ်နေတယ်။

ဟုတ်။ ကျေးဇူး။

ကျွန်တော်က ဘယ် ဂရု ထဲမှ မပါပါ။ နိုင်ငံရေး၊ ကျန်းမာရေး အစုတွေထဲမှာလည်း မပါ။

စကားနဲ့ပြောဆိုဆွေးနွေးရတာက သိပ်အဆင်မပြေလှပါ။

သက်သေအထောက်အထား တင်ပြရခက်တယ်။ ရမ်းပြောတာ မှန်ခဲတယ်။

လက်ဖက်ရည်ဆိုင် ထိုင်တာတောင် စကားပြောဖက်လည်း ရွေးကြရပါတယ်။

လက်ဖက်ရည်ဆိုင်မှာကလည်း ပေါ့ပေါ့ပါးပါးသာပြောကြလေ့ရှိတယ်။

အသိပညာ၊ သုတအတွက် ဆောင်ရွက်နေကြသူတွေကို အားပေးတယ်။

ကျွန်တော် အတန်အသင့်တတ်သိတဲ့ နိုင်ငံရေး၊ ကျန်းမာရေးနဲ့ မြန်မာစာအပါဝင် သုတဘာသာရပ်ကို အလေးအနက်ထားတဲ့ အစုတွေကနေ ဖိတ်ရင်တော့ တတ်သိတာလေး ဆွေးနွေးချင်ပါတယ်။

ကျန်းမာရေး ဂရုတွေမှာတော့ အဆင်မပြေပါ။ အရပ်ပြောတွေ၊ အထင်တွေ၊ အမှားတွေ၊ ဆေးရောင်းတာတွေသာ တွေ့ရတယ်။ 

ကိုယ်ဝန်ဆောင်ဂရုမှာ ကလေးလေထမယ်ဆိုတာချည်းပြောနေကြလို့ လေဥဂရုလို့ သတ်မှတ်လိုက်တယ်။

ကင်ဆာဂရုစုတွေမှာတော့ စာလုံးပေါင်းသတ်ပုံတွေ သွက်သွက်ခါအောင်မှားလို့ သွားမဖတ်တော့။ သူတို့ကလည်း မလာမခံတော့ဘူးထင်ပါရဲ့။

သူများတိုင်းပြည်တွေမှာ ကျန်းမာရေးအတွက် နည်းလမ်းမျိုးစုံနဲ့ လူနာတွေအတွက် ဆောင်ရွက်နေကြတာတွေကို မကြာခဏဘာသာပြန် တင်ပြနေပါတယ်။ အားကျအတုယူကြစေချင်လို့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ