Liver Pain အသည်းနာခြင်းအကြောင်း

ရောဂါဗေဒအရ ရောဂါ ၇ မျိုးကိုတင်ပြပါမယ်။ 

အသည်းတည်ရှိရာ ဝမ်းဗိုက် ညာဘက် အထက်ပိုင်း နံရိုးအောက်နားမှာ နာတယ်။ အသည်းနဲ့ပတ်သက်တဲ့ ပြဿနာတွေကြောင့် ပခုံး၊ ကျော၊ အစာအိမ်နေရာတွေမှာပါ နာကျင်မှု ဖြစ်နိုင်တယ်။

ခံစားရပုံတွေဟာ ဖြစ်ရတဲ့အကြောင်းရင်းအပေါ် မူတည်ပြီး ကွဲပြားနိုင်တယ်။ 

လူအများစုမှ အောက်ပါလက္ခဏာတွေ တခုမဟုတ် အတူပေါင်းပြီး ခံစားရနိုင်တယ်။

ဗိုက်အထက်ပိုင်းတွင် တင်းမာနာကျင်ပြီး ဆက်တိုက်ခံစားရခြင်း။

အစာအိမ်ပြည့်နေသလို ခံစားခြင်း။

ထိထိမိမိ နာကျင်ခြင်း။

ဗိုက်အထက်ပိုင်းကို ထိတဲ့အခါ နူးညံ့စွာနာကျင်ခြင်း

အသည်းနာကျင်မှု ဖြစ်စေသောအကြောင်းရင်းများ

၁။ အသည်းရောင်ခြင်း (Hepatitis)

ဗိုင်းရပ်စ်ကြောင့် အဖြစ်များပေမဲ့ အချို့ ဆေးဝါးများသုံးစွဲမှုနဲ့ အရက်အလွန်အကျွံ သုံးစွဲမှုကြောင့်လည်း ဖြစ်နိုင်တယ်။

ဝမ်းဗိုက် ညာဘက် အထက်ပိုင်း နံရိုးအောက် တင်းမာပြီး နာမယ်။

အခြားလက္ခဏာများ

အညိုရောင်ဆီး၊ အလွန်မောပန်းခြင်း၊ အရေပြားနှင့် မျက်လုံးအဝါရောင်ခြင်း၊ အဆစ်နာ၊ အန်ခြင်း၊ အမဲရောင်အညိုရောင် အန်ခြင်း။

၂။ အသည်းခြောက်ခြင်း (Cirrhosis)

အရက်အလွန်အကျွံ သောက်သုံးခြင်း သို့မဟုတ် အရက်မဟုတ်ဘဲ အခြားအသည်းရောဂါတွေကြောင့် ဖြစ်တတ်တယ်။

လက္ခဏာများ

မောပန်းခြင်း၊ အရေပြားယားယံခြင်း၊ အစားမနှစ်သက်ခြင်း၊ ညာဖက်ဗိုက်အထက် နာကျင်ခြင်း၊ ကြွက်သားတက်ခြင်း၊ အားနည်းခြင်း၊ မိမိမသိစဉ်အလေးချိန် လျော့သွားခြင်း စသည်တို့ ပါဝင်တယ်။

၃။ အသည်းအဆီဖုံးခြင်း (Fatty Liver Disease)

အသည်းဆဲလ်များတွင် အဆီ ၅–၁၀% ထက်ပိုလျှင် အသည်းအဆီဖုံးခြင်းဟု ခေါ်သည်။

ဝမ်းဗိုက် ညာဖက် အထက်ပိုင်း နံရိုးအောက်နားမှာ တင်းမာနာကျင်နိုင်တယ်။

အခြား လက္ခဏာများ 

မောပန်းခြင်း၊ အဝါရောင်ခြင်း၊ အစာမစားလိုခြင်း၊ ဗိုက်ဖောင်းခြင်း၊ အားနည်းခြင်း။

၄။ အသည်းကင်ဆာ (Liver Cancer)

အစောပိုင်းတွင် ခံစားရတာမထင်ရှားနိုင်သော်လည်း ရောဂါတိုးလာသည်နှင့် ဝမ်းဗိုက် ညာဖက် အထက်ပိုင်း နံရိုးအောက်နားမှာ နာကျင်နိုင်တယ်။

အခြား လက္ခဏာများ 

အသားဝါခြင်း၊ အစာမလိုခြင်း၊ ပခုံး သို့မဟုတ် ကျောနာခြင်း၊ ဗိုက်ပြည့်ဖောင်းခြင်း။

၅။ သည်းခြေလမ်း ပိတ်ခြင်း (Bile Duct Obstruction)

ဗိုင်ညာဖက်အထက်ပိုးင်းမှာ နက်နက်ရှိုင်းရှိုင်း နာကျင်မည်။

အခြားလက္ခဏာများ 

အညိုရောင်ဆီး၊ အဖျား၊ ယားယံခြင်း၊ အဝါရောင်ခြင်း၊ အန်ခြင်း။

၆။ အသည်းပြည်တည်နာ (Liver Abscess)

အသည်းအတွင်း ဗက်တီးရီးယား သို့မဟုတ် ပိုးဝင်ပြီးဖြစ်တယ်။

ဗိုင်ညာဘက်အထက်နှင့် ဗိုက်တခုလုံး နာကျင်နိုင်တယ်။

အခြား လက္ခဏာများ 

အဖျား၊ အစာမစားလိုခြင်း၊ အန်ခြင်း၊ ညာဖက်ပခုံးနာခြင်း၊ အားနည်းခြင်း။

၇။ အသည်းအကျိတ် (Liver Cyst)

အသည်းအတွင်း အရည်ဖြင့် ပြည့်သော အကျိတ်များ ဖြစ်တယ်။ ကြီးလာပါက ဗိုက်ဖောင်းခြင်း၊ အစာမသားချင်ခြင်း၊ သွေးထွက်ခြင်း (နည်းနည်းသာ)၊ အသက်ရှူရခက်ခြင်း စသည်ဖြစ်နိုင်သည်။

မြန်မာပြည်သားတွေ ဘယ်မှာနေနေ အသည်းကျန်းမာရေးကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ