Olive Oil သံလွင်ဆီ ကျန်းမာရေးအကျိုးများ

 

၁။ ရောင်ရမ်းမှုကို တားဆီးသည့် အကျိုးရှိ။

၂။ ဆီးချို အမျိုးအစား ၂ ကို ကာကွယ်ကောင်း ကာကွယ်နိုင်။

၃။ အသက် ပိုရှည်စွာ နေထိုင်ကျန်းမာရန် အထောက်အကူဖြစ်ကောင်းဖြစ်နိုင်။

သတိထားရန်များ

သံလွင်သောက်လျှင် ကောင်းသည်ဟူသောအဆိုအတွက် ဆေးသုတေသန မခိုင်လုံပါ။

အစာမရှိဘဲ သောက်လျှင် အစာချေ အဆင်မပြေမှု ဖြစ်နိုင်။

ထမင်းစားပွဲဇွန်း တဇွန်းလျှင် ကယ်လိုရီ ၁၁၉ ပါဝင်သောကြောင့် ကယ်လိုရီ များသည်။

နေ့ရက်ကြာလာလျှင် အလေးချိန်တက်နိုင်။

နေ့စဉ် မည်မျှ သုံးသင့်သနည်း

အတိအကျသတ်မှတ်ထားသော သုံးစွဲပမာဏ မရှိသော်လည်း အများစု သုတေသနများတွင် ၇ မီလီလီတာမှ ၅၀ မီလီလီတာအထိ၊ သို့မဟုတ် ထမင်းစားပွဲဇွန်း ၀.၅ မှ ၃.၅ ဇွန်းအထိ သုံးစွဲသူများတွင် ကျန်းမာရေး အကျိုးကျေးဇူး တွေ့ရသည်။

သုတေသနအချို့အရ နေ့စဉ် ထမင်းစားပွဲဇွန်း ၀.၅ မှ ၂ ဇွန်းအထိ သုံးစွဲပါက နှလုံးရောဂါနှင့် ဆီးချိုဖြစ်ရမည့် အန္တရာယ်ကို လျော့ချနိုင်သည်။

အဆီဓာတ်သည် နေ့စဉ် ကယ်လိုရီ၏ ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်း အထိ ပါဝင်သင့်သည်။ 

သံလွင်ဆီ တဇွန်းတွင် ကယ်လိုရီ ၁၁၉ ပါဝင်သဖြင့် ကယ်လိုရီအများဆုံး အစားအစာတမျိုး ဖြစ်သည်။ ကယ်လိုရီ များလွန်းလျှင် မကောင်း။ ကိုယ်အလေးချိန်တိုးမည်။

အစားအစာများပြင်ဆင်ရာတွင် သုံးစွဲသင့်သည်။ ဥပမာ မြန်မာပြည်မှာ နှမ်းဆီသုံးသလို ဆီဆမ်းရသည့် အစားအသောက်များ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ