Papaya သင်္ဘောသီး

သင်္ဘောသီးမှည့်မှာ အာဟာရဓါတ်ကောင်းတွေ ပါတယ်။

ကိုယ်ဝန်ဆောင်ကာလ အထူးသဖြင့် ပထမသုံးလပတ်တွင်း သင်္ဘောသီးစိမ်းကို ရှောင်သင့်တယ်လို့ သုတေသနတချိုု့က ဆိုပါတယ်။ သားအိမ်ကျုံ့စေနိုင်တဲ့ papain အင်ဇိုင်းပါဝင်မှုများလို့ သားအိမ်ကျုံ့စေပြီး ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် လမစေ့ဘဲ မွေးကောင်း မွေးနိုင်တယ်။

ဒါပေမဲ့ သင်္ဘောသီးမှည့်ကတော့ ဘေးကင်းပြီး ဖောလိတ်၊ ဗီတာမင်အေ နဲ့ စီအပြင် အူလမ်းကိုကောင်းစေတဲ့ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်တတွေက အကျိုးပြုပါတယ်။

အသီးအနှံတွေကို အပြည့်အဝရင့်မှည့်မှသာ စားသုံးသင့်တယ်။ အစေ့နှင့် အခွံတွေကို ရှောင်ကြဉ်ပါ။

ကိုယ်ဝန်ဆောင် ပညာရေးရေးတာတွေ တိတိကျကျရှိသင့်ပါတယ်။

သင်္ဘောသီးစားရင် ကိုယ်ဝန်ပျက်မယ်လို့ ရမ်းပြောနေတာတွေ မမှန်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ