Pinworm တုပ်ကောင်
(ကန်တော့)
ဆရာရှင့် သမီးလေးက အသက် ၂ နှစ်နဲ့ ၅လ ပါဆရာ ဝမ်းသွားတာ တုတ်ကောင်(တုပ်ကောင်)တွေလား သန်ကောင်တွေလားတော့ သမီးမသိဘူးပါလာလို့ပါ ဆရာ ညဆိုလည်း ကလေးက မအိပ်ပါဘူး ဆရာ နေ့ခင်းလည်းမအိပ်ပါဘူးရှင့် သမီးလုပ်ရမလဲ ဖြေကြားပေးပါ ဆရာရှင့်
Anal itching စအိုနေရာယားခြင်း https://dr-tint-swe.blogspot.com/2021/05/anal-itching.html
Pinworm တုပ်ကောင် (သန်ကောင်)
Mebendazole (Vermox) ဆေးကို တကြိမ်တည်းပေးတာနဲ့ ရတာများတယ်။ တချို့ကို ၁ ပါတ်နေတခါ၊ ဒါမှ မဟုတ် ၂ ပတ်နေတခါ ထပ်ပေးရတယ်။ တကြိမ်တည်းပေးပြီးနောက် ၃ ပတ်နေရင် တခါထပ်ပေးသင့်တယ်။ နောက် ၃ ပတ် နေရင်ရင် တခါ၊ ပေါင်း ၃ ခါပေးရတယ်။ အသက် ၂ နှစ်အောက် ဆေးတဝက်သာပေးပါ။ Albendazole ကိုလဲ အဲလို ပေးသင့်တယ်။ ဒီဆေးက ဘေးထွက်ဆိုးကျိုးနဲနဲပိုတယ်။ Pinworms သန်ကောင်က ဆီးလမ်း၊ လိင်လမ်းကိုပါ ကူးစက်တာဆိုရင် Mebendazole (Vermox) + Ivermectin (Stromectol) ဆေး ၂ မျိုး တွဲပေးရမယ်။
Albendazole Tablets ဆေးပေးနည်း
• Children ကိုယ်အလေးချိန် <10 kg အောက် 200 mg တကြိမ်။
• Children ကိုယ်အလေးချိန် ≥ 10k g အထက် 400 mg တကြိမ်။
တကိုယ်ရေသန့်ရှင်းရေး လိုအပ်။ လက်ကို မကြာခဏ ဆေးပါ။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment