Prediabetes ဆီးချိုမတိုင်မီအဆင့်ရှိသူများ

ဆီးချိုမတိုင်မီအဆင့်ရှိသူများထဲမှ တချို့သည် တချိန်ချိန်တွင် ဆီးချိုဖြစ်လာမည်ဖြစ်သော်လည်း၊ ဘယ်လောက်ကြာမှဖြစ်မလဲဆိုတာ၊ လူနာတဦးချင်းစီအခြေအနေအပေါ် မူတည်၍ ကာလမတူနိုင်ပါ။ 

ခန့်မှန်းချက်အရ ဆီးချိုမတိုင်မီအဆင့်ရှိသူများထဲမှ ၁၅% မှ ၃၀% ခန့်သည် ၅ နှစ်အတွင်း အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်လာပြီး၊ တသက်တာအတွင်း ၇၀% ခန့်အထိ ဖြစ်နိုင်သည်။ 

သို့သော် အလေးချိန်လျော့ချခြင်း၊ လေ့ကျင့်ခန်းများ တိုးချဲ့ခြင်းကဲ့သို့ နေထိုင်ကျင့်စဉ်များ ပြောင်းလဲခြင်းဖြင့် နောက်ကျစေနိုင်သည်။ 

ဆီးချိုအဖြစ် တိုးတက်သွားနိုင်စေသည့် အချက်များ

Lifestyle နေထိုင်မှုပုံစံ 

ကိုယ်အလေးချိန် ၅–၇% ခန့် လျော့ချပြီး တပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ခန့် လေ့ကျင့်ခန်းပြုလုပ်ပါက ဆီးချိုဖြစ်နိုင်ချေကို ၆၀% ခန့် အထိ လျော့ချနိုင်သည်။

Risk Factors အန္တရာယ်ပေးနိုင်သည့် အချက်များ 

မိသားစုထဲတွင် ဆီးချိုနောက်ခံရှိသူများ

ကိုယ်ဝန်ဆောင်စဉ်တွင် ဆီးချိုဖြစ်ဖူးသူများ

မျိုးဥအိမ်တွင် အရည်အိတ်များရှိခြင်းရောဂါ (Polycystic ovary syndrome) ရှိသူများ။

ပြုလုပ်သင့်သည့်များ

အလေးချိန်အနည်းငယ်ပင် လျော့ချခြင်းက အဓိကအရေးပါသည်။

တပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ခန့် အလယ်အလတ်အဆင့် လေ့ကျင့်ခန်း ပြုလုပ်ပါ။

ကျန်းမာရေးအတွက် သင့်တင့်သော အစားအစာ ရွေးချယ်စားသုံးရန် နေ့စဉ်လိုအပ်သည်။

ဆရာဝန်နှင့် နည်းစနစ်တကျ စစ်ဆေးမှုများ ပြုလုပ်၍ သွေးတွင်းချိုအဆင့်ကို စောင့်ကြည့်ရန်၊ ကာကွယ်ရေးနည်းလမ်းများ ဆွေးနွေးရန် လိုအပ်သည်။

အချို့အခြေအနေများတွင် ဆရာဝန်မှ Metformin ကဲ့သို့သော ဆေးဝါးကို ချမှတ်ပေးနိုင်သည်။

ဆေးသုတေသနမရှိသော အရပ်ပြောနှင့် ဖေ့စ်ဘွတ်စာတွေကို မလိုက်နာပါနှင့်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ