Puberty Question အရွယ်မရောက်သေးတဲ့ မိန်းကလေး မေးခွန်း

(ကန်တော့)

ကျွန်တော်နားမလည်တာလေတွေ မေးချင်လို့ပါဆရာ။ ယခုမှ online ပေါ်မှာ ခဏခဏတွေ့ရတဲ့ သက်ငယ်မုဒိန်းမှုတွေမှာ တချို့အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေမှာ ကိုယ်ဝန်ရှိတာတို့ ကြားရတယ်ဆရာ။ ကျွန်တော်မေးချင်တာက အရွယ်မရောက်သေးတဲ့ကလေးတွေမှာ ကိုယ်ဝန်ရှိနိုင်ပါ့မလားဆရာ ကျေးဇူးပြုပြီး ဖြေပေးပါဆရာ။

အဲလို အွန်လိုင်းသတင်းတွေကို ပြန်မရေးပါ။ မသေချာတာတွေ။ ရာသီလာ မျိုးဥထွက်ချိန်ကစပြီး ကိုယ်ဝန်ရနိုင်ပြီ။

မိန်းကလေးတွေ ယေဘုယျအားဖြင့် အသက် ၁၀ နှစ်ကနေ ၁၄ နှစ်မှာ အပျိုစဖြစ်ကြတယ်။ ၁၂ နှစ်ကနေ ၁၆ နှစ်ကျမှ ဖြစ်တာလည်း ရှိတယ်။ အာဖရိကန်နွယ်ဝင်အမေရိကန်မိန်းကလေးတွေက ၉ နှစ်မှာစဖြစ်ကြတယ်။ 

အပျိုဖြစ်စောလွန်းခြင်းဆိုတာ Precocious puberty ဖြစ်တယ်။ ဘာလို့ အဲလို တခြားမိန်းကလေးငယ်တွေထက် စောသလဲ။ အတိအကျပြောရခက်တယ်။ ဖြစ်နိုင်တာတွေတော့ ရှိပါတယ်။

- Congenital adrenal hyperplasia (CAH) ခေါ် မွေးရာပါ အဒရီနယ်ဂလင်း ပွါများနေခြင်း၊

- McCune-Albright Syndrome ဆင်ဒရုမ်း၊

- Spina bifida with hydrocephalus မွေးရာပါ ခါးရိုးဆစ်မလုံခြင်းနဲ့ ဦးနှောက်ထဲမှာ အရည်များခြင်း။

- Obesity အဝလွန်ခြင်း၊

- Social factors ဆိုရှယ်အကြောင်းခံရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊

- Environmental contamination ပတ်ဝန်းကျင်ညစ်ညမ်းမှု၊

- Cancer treatment ကင်ဆာကုသမှုခံယူရခြင်း။

အပျိုဖြစ်စောနေတာကို လိုအပ်ရင် Nafarelin နဲ့ leuprolide ဆေးပေးကုသနိုင်တယ်။ အထူးပြုသင်ကြားမှုတွေ လိုပါမယ်။

1. Puberty Education for Kids အရွယ်ရောက်ခြင်းအကြောင်း http://doctortintswe.blogspot.com/2016/10/puberty-education-for-kids.html

2. Precocious puberty အပျိုဖြစ်စောခြင်း hhttp://doctortintswe.blogspot.com/2014/11/puberty.html

3. Puberty အရွယ်ရောက်ပြီ http://doctortintswe.blogspot.com/2014/11/puberty.html

ရာသီလာစလတွေမှာ မျိုးဥမထွက်သေးတဲ့မိန်းကလေး မနည်းပါ။ အဲတာဆို ကိုယ်ဝန်မရနိုင်။ အွန်လိုင်းနဲ့ ဖေ့စ်ဘွတ်သတင်းတွေ အများစုကို မယုံပါ။

Dr. တင့်ဆွေ

၂၉-၈-၂၀၁၈

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ