Special ရှယ်ဘဲ

တယောက်ယောက်ကနေဖြစ်ဖြစ်၊ လူတချို့ကနေဖြစ်ဖြစ် 'ရှယ်ဘဲ' ဆိုတိုင်း စပယ်ရှယ် ခေါ် အထူးကောင်းတာ ဟုတ်ချင်မှသာ ဟုတ်ပါမယ်။

လူတွေ အကြိုက် မတူကြပါ။

အစားအသောက်၊ အရောင်အဆင်း၊ အဆင်တန်းဆာ စတာတွေ မတူကြပါ။

တယောက်ယောက်ကနေ ဦးအောင်ပြောတဲ့နောက်ကို မစူးမစမ်းမဆင်ခြင်ဘဲ လိုက်တဲ့သူတွေကလည်း များတယ်။ 'ရှယ်' ဆိုရင် ပြီးပြီတဲ့။

အစားအသောက်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်မှသာ ကောင်းတယ်လို့ ပြောနိုင်တယ်။ တယောက်ယောက်ကနေဖြစ်ဖြစ်၊ လူတချို့ကနေဖြစ်ဖြစ် ရှယ်ဘဲ ဆိုတိုင်း မကောင်းပါ။

ဘယ်အကြောင်းအရာကိုမဆို လေ့လာမှု၊ ဆန်းစစ်မှုကို အခြေခံပြီး ဆိုးတယ်၊ ကောင်းတယ်၊ သင့်တယ် အကဲဖြတ်သင့်ပါတယ်။

လေ့လာသူ၊ ဆန်းစစ်သူကိုယ်တိုင်ကလည်း အခြေခံလောက်တော့ အသိသုတရှိရပါလိမ့်မယ်။

ကျွန်တော်တို့လူမျိုး အများစုရဲ့ ကြီးမားလှတဲ့ အားနည်းချက်ကြီးက အခြေခံမကောင်းတာ၊ အကြောင်းအရာတိုင်းရဲ့ သင်ပုန်းကြီးမပိုင်တာ။

သံယောင်လိုက်ပြီး ရမ်းသမ်းပြောဆိုတာတွေ သတိပြုကြစေချင်ပါတယ်။

မြင်းထိန်းငတာတွေ မဖြစ်သင့်ကြပါ။

'ရှယ်' ဆိုတိုင်း ကောင်းလို့ကတော့ မြန်မာပြည်မှာ ကင်ဆာတောင် မရှိလောက်တော့ပါ။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ