Stronger Hand and Weaker Hand ဘယ်သန် ညာသန်

၁။ ဆရာရှင့် သားသားက ခု ၃နှစ်ကျော်ပါပြီ သားသားက ဘယ်သန်ဖြစ်နေပါတယ် အဲဒီအတိုင်းပဲထားတာကောင်းလား ညာပြောင်းပေးတာကောင်းလား သိချင်လို့ပါရှင့် ဒါပေမယ့် တချို့လူတွေပြောတာ မွေးရာပါ သန်တဲ့အတိုင်း ထားပေးတာ ပိုကောင်းတယ် ပြောင်းလိုက်ရင် မကောင်းဘူးတို့ အတင်းမကျပ်မလုပ်ရဘူးလို့ မှတ်ဉာဏ်ပိုင်းမှာ အားနည်းနိုင်တယ်တို့ အဲလိုတွေကြားဖူးလို့ပါ ဆရာ့အကြံပေးချက်လေး သိပါစေရှင့် ကျေးဇူးတင်ပါတယ်

၂။ ဆရာ သမီးဦးကို မွေးထားတာ တလခွဲရှိပါပြီး ကလေးက ဘယ်လက်ကို စုပ်တာ တွေ့လို့ပါဆရာ။ အဲဒါဘယ်သန်လားဆရာ သိချင်ပါတယ်ရှင်။့ ကလေးတွေက ဘယ်လက်ကစသုံးတယ်တဲ့ အဲဒါမကောင်းဘူး ညာပြန်ပြင်ပေးရတယ်ဆို။ ပြင်မရတဲ့ကလေးမှ ဘယ်ဖြစ်တာဆို မှန်မမှန်သိချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။
မဟုတ်ပါ။ ဒီအရွယ်မှာ လက်သန်တာ မရွေးသေးပါ။ ဘယ်သန်ထူးချွန်သူတွေအကြောင်း စာရေးထားတယ်။
ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာရှင့်ဆရာရေးတဲ့ ဘယ်သန်အကြောင်း ဖတ်ချင်ပါတယ်ရှင့်။
လူတွေမှာ ညာဖက်သန်သူတွေကများတယ်။ ၁ဝ% လောက်သာ ဘယ်သန်တွေဖြစ်ကြတယ်။ တချို့က ဘယ်ရော ညာပါသန်တယ်။ တချို့ နှစ်ဖက်လုံး သူများတွေလောက်မသန်ပါ။ သိချင်ရင် ကပ်ကြေး ကိုင်ခိုင်းလိုက်ပါ။
ဘာကြောင့် ဘယ်သန်ဖြစ်သလဲ။ တိတိကျကျမရှင်းလို့ သီအိုရီတွေသာရှိတယ်။ မျိုးဗီဇလား၊ ကိုယ်ဝန်ဆောင်မှာရှိခဲ့တဲ့ ဟော်မုန်းတွေလား။ ၂ဝဝ၃ သုတေသနတခုအရ ကိုယ်ဝန်ဆောင်နေစဉ် Diethylstilbestrol ခေါ် အီစထိုဂျင်ပါဆေးနဲ့ တွေ့ဘူးရင် ကလေးက ဘယ်သန်များတယ်။ ကိုယ်ဝန်ဆောင်တုံးမှာ အာလ်ထွာဆောင်းရိုက်တာများရင် ကလေး ဘယ်သန်များနိုင်တယ်လို့ ထင်ရတာ (တိတိကျကျမဟုတ်ပါ) ရှိတယ်။
ညာသန်ဆိုရင် စကားပြောထိန်းချုပ်ရာနေရာ (စင်တာ) က ဦးနှောက် ဘယ်ဖက်မှာရှိပြီး ဘယ်သန်ဆိုရင် ညာဖက်မှာ ရှိပါတယ်။ အဲတာကြောင့် ကလေးတွေ သူ့သဘာဝအကျ ဘယ်သန်လုပ်နေတာကို အတင်းပြင်ပေးရင် စကားပြောရာမှာ ထစ်စေမလားဆိုတဲ့ သီအိုရီတခုရှိပါတယ်။
နောက်သုတေသနတခုအရ ဘယ်သန်တွေက ထူးချွန်သူများတယ်။ အရေအတွက်နည်းလို့ သိသာတာလားတော့ မပြောနိုင်ပါ။ အလုပ်လုပ်သူတွေကို ၂ဝဝ၆ မှာဆန်းစစ်တော့ သူတို့ကဝင်ငွေပိုကောင်းကြတယ်။ ဒါပေမယ့် ၂ဝ၁၄ ဟာဗတ်ကနေ လေ့လာတော့ ပြောင်းပြန်ဖြစ်နေတယ်။ ဘယ်သန်တွေက ၁ဝ-၁၂% ဝင်ငွေနည်းကြတယ်။ မွေးစမှာ ကိုယ်အလေးချိန်မပြည့်တဲ့ကလေးတွေနဲ့ မွေးဖွါးရခက်တဲ့ကလေးတွေမှာ ဘယ်သန်များတယ်။ ဘယ်သန်တွေထဲမှာ လိင်စိတ် သူများတွေနဲ့မတူ မူမမှန်ဖြစ်တာများတယ်။
လူမှုရေးမှာ နေရာဒေသအလိုက် အယူအဆ အစွဲတွေရှိတယ်။ ဘယ်သန်ကို အားမပေးကြတာများတယ်။ ခွဲခြား ဆက်ဆံခံကြရတယ်။ နှစ်စဉ် သြဂုတ်လ (၁၃) ရက်နေ့ကို နိုင်ငံတကာ ဘယ်သန်များနေ့လို့သတ်မှတ်ထားပါတယ်။
တင်းနစ်မှာ ထိပ်တန်းကစားသမားတွေထဲမှာ ဘယ်သန်တွေများတယ်။ ကြားဖူးကြမှာပါ။ ဂျင်မီ ကောနားစ်၊ ဂျွန် မက်ကင်ရိုး၊ ဂိုအန် အီဗန်နစဖစ်ချ်၊ မာတီနာ နာဗာတီလိုဗာ၊ မော်နီကာ ဆဲလက်စ်၊ ရာဖယ် နဒါး၊ အများကြီးပါ။ ဘယ်သန်တွေကို ဘယ်လိုနိုင်အောင်ကစားမလည်းဆိုတဲ့နည်းကို ချန်ပီယန်ဖြစ်ချင်သူတိုင်းက သင်ကြား လေ့ကျင့်ထားကြရပါတယ်။
ကျွန်တော့် အယူအဆကတော့ ပင်ကိုယ်သဘောကို ဆန့်ကျင်တာ မသင့်ပါ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ