Ulcerative colitis အူမကြီးရောင်ခြင်း
ပြန်စာ
ဆေးပညာမှာ အတိုကောက်စာလုံးတွေကို အထူးသတိထားရတယ်။ ဆင်တူတွေလည်းရှိတယ်။ နည်းနည်းလေးလွဲတာနဲ့ ရောဂါ၊ ဆေး၊ ကုသနည်းတွေ မှားနိုင်တယ်။
COL ဟာ Ulcerative colitis လို့ ဆိုပါတယ်။ မေးတဲ့သူရဲ့ရောဂါ ဟုတ် မဟုတ် မသိပါ။ ဆေးစစ်ချက်ပါ အင်္ဂလိပ်လိုစာလုံးဖတ်ရမှာ သိမယ်။
အူမကြီးတနေရာမှာ ရောင်တဲ့ရောဂါ။ အနာလည်းပေါက်မယ်။ အူမကြီးအတွင်းလွှာမှာဖြစ်တယ်။ အစာဟောင်းအိမ်မှာလည်း ဖြစ်နိုင်တယ်။
Inflammatory bowel disease (IBD) လို့လည်း ခေါ်တယ်။
တချို့ ဆိုးတယ်။ ဆောရီး။ တချို့ ရောဂါမထဘဲ ကြာကြာနေနိုင်တယ်။
ရောဂါလက္ခဏာများ
ဝမ်းပျက်။၏။ ဝမ်းထဲမှာ ပြည်နဲ့ သွေးပါနိုင်။ စအိုက သွေးကျနိုင်။ ဗိုက်နာ။ ဝမ်းအမြန်သွားချင်။ ကိုယ်အလေးချိန်ကျ။ အားယုတ်။ ဖျား။ ကလေးတွေမှာဖြစ်ရင် ဖွံ့ထွားမှုနှေး။
ဖြစ်တဲ့နေရာအလိုက် အမျိုးအစားတွေ ခွဲထားတယ်။
- Ulcerative proctitis
- Left-sided colitis
- Widespread colitis
ကုသနည်းများ
၁။ Medications ဆေးပေးနည်း။ 5-aminosalicylic acid (5-ASA) ဆေး။
၂။ Corticosteroids စတီရွိုက်ဆေး။
၃။ Immunosuppressants ခုခံအားနှိမ်ဆေး။
၄။ Targeted therapies ပစ်မှတ်ထားကုသဆေး။
၅။ Surgery ခွဲစိတ်ကုသနည်း
၆။ Dietary modifications အစားအသောက် ဆင်ခြင်နည်း။ ကိုယ်နဲ့ အဆင်မပြေတာ ရှောင်စားရန်။
၇။ Stool softeners and laxatives ဆေး။
၈။ Antibiotics ပဋိဇီဝဆေး။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment