Walking 8,000 Steps a Day တနေ့မှာ ခြေလှမ်း ၈,၀၀၀

တနေ့မှာ ခြေလှမ်း ၁၀,၀၀၀ (တသောင်း) လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးရှိပုံကို ဆယ်စုနှစ်များစွာကတည်းက သတ်မှတ်ထားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် လေ့လာမှုတခုအရ တပတ်လျှင် ခြေလှမ်း ၈,၀၀၀ လမ်းလျှောက်ခြင်းသည် နှလုံးကျန်းမာရေးကို မြှင့်တင်ရန်၊ စိတ်ဓာတ်မြှင့်တင်ရန်နှင့် စောစီးစွာသေဆုံးနိုင်ခြေကို လျှော့ချရန် လုံလောက်တယ်လို့ အကြံပြုသစ် ထွက်ပါတယ်။

လေ့လာမှုသစ်ကို ရက်ပေါင်း ၃၀ စမ်းသုံးပြီးပါပြီ။ လမ်းလျှောက်ရင်း သက်လုံပိုကောင်းလာပြီး တနေ့တာလုံး ခွန်အားကို ခံစားခဲ့ရပါသတဲ့။

လမ်းလျှောက်ခြင်း၏အကျိုးကျေးဇူးများ

- နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသည်။

- သွေးတွင်းသကြားဓာတ်နှင့် သွေးတိုးကို ကျဆင်းစေသည်။

- ဇီဝဖြစ်ပျက်မှုကို တိုးစေသည်။

- အိပ်စက်ခြင်းနှင့် ဟန်ချက်ညီမှုကို ပိုမိုကောင်းမွန်စေသည်။

- စောစောသေနိုင်ခြေကို လျော့ကျစေပါတယ်။

- အရိုးများနှင့် ကြွက်သားများကို သန်မာစေခြင်း။

- မှတ်ဉာဏ်နှင့် သိမြင်မှု (တွေးခေါ်မှု) စွမ်းရည်ကို မြှင့်တင်ပေးခြင်း

- စိုးရိမ်စိတ်တွေကို သက်သာစေတယ်။

- စိတ်ဓာတ်မြှင့်တင်ပေးခြင်း

- ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း။

မြန်မာပြည်သူပြည်သားတွေ ဘယ်မှာနေနေ လမ်းလျှောက်နိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ