When Your Body Starts Aging Faster ဇရာဖြစ်စဉ် ဆေးသုတေသန

သုတေသနအသစ်က သင့်ခန္ဓာကိုယ် ဘယ်အချိန်ကစပြီး ပိုမြန်မြန် အိုမင်းလာတယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။ 

သင်ထင်ထားတာထက် ပိုစောနိုင်တယ်။

ဩဂုတ် ၂၆၊ ၂၀၂၅ 

Cell စာစောင်မှာ ဖော်ပြထားပါတယ်။

ယခုအချိန်ပင် သင့်ခန္ဓာကိုယ်အပိုင်းအစ အချို့သည် တခြားအစိတ်အပိုင်းများထက် အသက်အိုကြီးသွားပြီးသား ဖြစ်နိုင်သည်။

ခန္ဓာကိုယ်အစိတ်အပိုင်းများသည် အားလုံးတူညီအောင် အိုမင်းသွားသည်မဟုတ်ဘဲ တချို့ အစိတ်အပိုင်းများက တခြားထက် ပိုမိုစောစီး၍ သက်ရောက်မှုတွေ ပေါ်ထွက်လာကြောင်း တွေ့ရှိခဲ့သည်။

အိုမင်းခြင်းဆိုတာ ကားနဲ့တူတယ်။ အိုနေတဲ့ ကားတစီးရဲ့ အစိတ်အပိုင်းအချို့က ပိုမြန်မြန် ပျက်စီးသွားတတ်တယ်။

အိုမင်းနှုန်းအချိန်ဇယား မတူသည့်အချက်ကို ခွဲခြားလေ့လာခြင်းဖြင့် ပညာရှင်များသည် အိုမင်းဖြစ်စဉ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်ပြီး နောက်လာမည့်အချိန်တွင် အိုမင်းနှေးကွေးစေမည့် ကိရိယာများ ဖန်တီးနိုင်မည်ဟု ယူဆကြသည်။

လူအိုမင်းအပေါ် အမြင်အသစ်

ခန္ဓာကိုယ်အပိုင်းအစများက ဘယ်လိုနှင့် ဘယ်အချိန်မှာ အိုမင်းသက်ရောက်သွားသည်ကို ပရိုတင်းများဖြင့် ခွဲခြားစမ်းသပ်ခဲ့သည်။ Protein များသည် လူ့ဘဝ၏ အခြေခံအုတ်မြစ်များဟု စာတမ်းထဲတွင် ရေးသားထားသည်။ သို့သော် လူသား အစိတ်အပိုင်းအစ အတိုင်းအတာတိုင်းတွင် Protein အခြေခံထားသည့် အိုမင်းပုံစံပြတင်းတိပ်သည် မဖော်ထုတ်ရသေးပေ။

အသက် ၁၄ နှစ်မှ ၆၈ နှစ်အတွင်း ဦးနှောက်ဒဏ်ရာကြောင့် သေဆုံးသူ ၇၆ ဦးထံမှ အသည်း၊ နှလုံး၊ အဆုတ်၊ လည်စိမ်း၊ အစာအိမ်၊ အက်ဒရနယ်ဂလန်၊ အရေပြား စသည့် အစိတ်အပိုင်းအစများ စုစုပေါင်း ၅၁၆ နမူနာကို ကောက်ယူခဲ့သည်။

ဤနမူနာများကို ခွဲစမ်းသပ်၍ Protein အဆင့်တွင် ဖြစ်ပေါ်နေသော အိုမင်းသက်ရောက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ အစိတ်အပိုင်း အချို့သည် တခြားထက် ပိုမြန်မြန် အိုသွားကြောင်းကိုလည်း အဓိက အာရုံစိုက်ခဲ့သည်။

ခန္ဓာကိုယ် ဘယ်အချိန်မှာ အိုသွားလဲ

အများအားဖြင့် အသက် ၅၀ ခန့်တွင် အိုမင်းနှုန်း ပိုမြန်လာကြောင်း တွေ့ရှိခဲ့သည်။

သို့သော် အစိတ်အပိုင်းအားလုံး တူညီသည့် အချိန်ဇယားမဟုတ်ပဲ တချို့မှာ ၄၅–၅၅ အတွင်း ပေါ်ထွက်လာပြီး အချို့မှာ ပိုစောစောပေါ်ခဲ့သည်။

အသက် ၃၀ ရောက်ချိန်တွင်ပင် အကြီးဆုံးသွေးလွှတ်ကြောကြီး၊ သရက်ရွက်၊ အသဲ၊ အူ၊ အရေပြားနှင့် အက်ဒရနယ်ဂလန်တို့တွင် Protein အဆင့်ပြောင်းလဲမှုများ သိသာစွာ ပေါ်ထွက်လာပြီးသား ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

စာတမ်းအရ သွေးကြောများအိုမင်းစောခြင်းသည် အိုမင်းကြီးခြင်းတခုလုံးကို ညွှန်ပြသည်ဟု ယူဆနိုင်သည်။

ယခင်သုတေသနတွင် ခန္ဓာကိုယ်သည် အိုမင်းကြီးမှုကာလကြီး ၂ ခုကို ရင်ဆိုင်ရသည်ဟု ဖော်ထုတ်ခဲ့သည်။ တခုမှာ အသက် ၄၄၊ တခုမှာ အသက် ၆၀။ ဤအသစ်ထွက်စာတမ်းနှင့် အနည်းငယ် ကွာခြားသော်လည်း အကျိုးသက်ရောက်မှုမှာ မတော်တဆ မဟုတ်ကြောင်း၊ နှစ်ခုလုံးက အိုမင်းသည် တချိန်ထဲမှာ မဖြစ်ပဲ တဖြည်းဖြည်းဖြစ်ကြောင်း အတူတူ အထောက်အထားပေးသည်။

အစိတ်အပိုင်းများကို စောစောအိုခြင်းမှ တားနိုင်သလား

အိုမင်းနှင့် အစိတ်အပိုင်းတခုစီ၏ ရောဂါဖြစ်ပွားမှုကြောင့် ဆက်စပ်နေကြောင်း အကြောင်းအရာကို သုတေသနတွင် ဖော်ပြထားသည်။ သို့သော် Protein ပြောင်းလဲမှုတို့သည် အမှန်တကယ် ဘာအဓိပ္ပာယ် ရှိသလဲဆိုသည်ကို နက်နက်ရှိုင်းရှိုင်း လေ့လာဖို့ လိုအပ်သည်ဟု ဆိုပါသည်။

ဘယ်လိုနေထိုင်မှ အသက်ရှည်နိုင်မလဲ

- ကျန်းမာရေးနှင့်ညီညွတ်သော မျှတသည့်အစားအသောက်များ စားသုံးပါ။

- အားကစား/လှုပ်ရှားမှု လုံလောက်စွာ ပြုလုပ်ပါ။

- အိပ်ချိန် လုံလောက်စွာ ယူပါ။

- စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။

- Mindfulness လေ့ကျင့်ပါ။ မိမိစိတ်၊ ကိုယ်၊ ခံစားချက်၊ ခံစာမှုတွေကို အသိ သတိမပြတ်ရှိနေပစေ။

- သင့်အသိုင်းအဝိုင်း (မိသားစု၊ မိတ်ဆွေ) နှင့် မကင်းမကွာနေပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ