Blood Pressure - Sugar - Salt သွေးတိုး သကြား နှင့် ဆား

Blood Pressure - Sugar - Salt သွေးတိုး သကြား နှင့် ဆား
နေ့စဉ်စားသောက်သည့် အစားအသောက်တခုခုကြောင့် သွေးဖိအားတက်နေနိုင်သည်။၎င်းသည် ဆားမဟုတ်ပါ။ သကြားဖြစ်သည်။
သွေးဖိအား ထိန်းညှိရာတွင် သကြား၏ အလားအလာ
ထပ်ထည့်သကြားများ (အိမ်သုံးသကြား သို့မဟုတ် high-fructose corn syrup) သည် သွေးဖိအား မြင့်စေနိုင်သည်။ 
အင်စူလင်ခံနိုင်ရည်ကျဆင်းခြင်း။ သကြားများစွာပါဝင်သည့် အစားအစာသည် ကိုယ်ခန္ဓာ အင်စူလင်အပေါ် တုံ့ပြန်နိုင်စွမ်းကို လျော့နည်းစေနိုင်သည်။ သွေးချိုကို ထိန်းရန် အင်စူလင် ပိုထုတ်ရန် လိုအပ်လာနိုင်သည်။ ထပ်ထည့်သကြားများကို အလွန်အကျွံ သုံးစွဲခြင်းသည် ကိုယ်အလေးချိန် တက်စေပြီး ဝမ်းဗိုက်အဆီများစွာ ဖြစ်စေနိုင်သည်။ ဝမ်းဗိုက်အဆီသည် သွေးဖိအားမြင့်ခြင်း၊ သွေးချိုမြင့်ခြင်း၊ ကိုလက်စထရောအဆင့် မမှန်ခြင်း စသည့် ပြဿနာများပါဝင်သည်။
သဘာဝသကြား နှင့် ထပ်ထည့်သကြား
သကြားသည် သဘာဝလား၊ သို့မဟုတ် ထပ်ထည့်ထားမှု ဖြစ်သလား ဆိုတာ အရေးကြီးသည်။ သဘာဝသကြားသည် သစ်သီး၊ နို့ စသည့်အစားအစာများတွင် ပါဝင်သည်။ သို့သော် ထပ်ထည့်သကြားများကသာ ပိုပြီး ပြဿနာဖြစ်စေနိုင်သည်။
ထပ်ထည့်သကြားများတွင် —
အဖြူသကြား
သကြားညို
ပျားရည်
မေပယ်ရည်
High-fructose corn syrup ဖရပ်တို့စ် ပြောင်းသကြားတို့ပါဝင်သည်။
ထပ်ထည့်သကြားများကို အောက်ပါအစားအစာများတွင် တွေ့နိုင်သည် 
Sodas ဆိုဒါ
သကြားထည့်ထားသော ရောဂတ် (ဒိန်ချဉ်)
အရသာထပ်ထည့်ထားသော ကော်ဖီ
ဆော့စ်များ (အချဉ်)
အဆင်သင့်စားနိုင်သော အစားအစာများ
သကြား နှင့် ဆား
ဆားသည်လည်း သွေးဖိအား တက်စေရန် အဓိကအခန်းကဏ္ဍ ထမ်းဆောင်သည်။ ဆားများစားသုံးပါက ကိုယ်ခန္ဓာသည် ရေကို ထပ်မံ သိမ်းထားပြီး သွေးပမာဏ တက်စေကာ သွေးကြောများ၌ ဖိအား ပိုစေသည်။ 
ဆားနှင့် သကြားသည် ပူးပေါင်းလုပ်ဆောင်ပြီး၊ ဆားများပါဝင်သည့် အစားအစာသည် ကိုယ်ထဲ၌ fructose (သကြားအမျိုးအစားတခု) ပိုမိုထုတ်စေကာ သွေးဖိအား မြင့်စေသည့် သက်ရောက်မှုကို ပိုဆိုးစေနိုင်သည်။
သွေးဖိအား ထိန်းရန် အကြံပြုချက်များ
မျှတသည့်အစားအစာများ 
သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အဆီနည်းအသား၊ အဆီနည်းနို့ထွက်ပစ္စည်းများ စသည်တို့ကို ဦးစားပေးပါ။ 
DASH diet ကဲ့သို့သော နည်းလမ်းများသည် ဆားလျှော့စားခြင်းနှင့် ကာလစီယမ် တိုးတက်ခြင်းဖြင့် သွေးဖိအားကျနိုင်သည်။
သကြားလျှော့စားပါ 
ဆိုဒါ၊ သကြားထည့်ထားသော လက်ဖက်ရည်၊ အရသာပေါင်းထားသော ကော်ဖီ မသင့်။
အဆင်သင့်စားနိုင်သော အထုပ်ထဲထည့် အစားအစာများတွင် သကြားပါဝင်မှုကို သေချာဖတ်ပါ။ 
အချိုပွဲအစား သစ်သီးကို ရွေးချယ်ပါ။
အရက်ကန့်သတ်ပါ။
ခန္ဓာကိုယ်လှုပ်ရှားမှု နေ့စဉ် ၃၀ မိနစ်ခန့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း စသည့် အလယ်အလတ် လှုပ်ရှားမှုများ လုပ်ပါ။
စိတ်ဖိစီးမှု ထိန်းချုပ်ပါ။ အသက်ပြင်းပြင်းရှူခြင်း၊ ယောဂလေ့ကျင့်ခန်း၊ တရားထိုင်ခြင်း စသည့် နည်းလမ်းများကို လေ့ကျင့်ပါ။
ကိုယ်အလေးချိန် ပိုရှိခြင်းသည် နှလုံးအပေါ် အလွန်ဖိအားပေးသည်။ အနည်းငယ်ပင် လျှော့ချနိုင်ပါက သွေးဖိအားကို ထိန်းချုပ်နိုင်သည်။
ဆေးလိပ်မသောက်ခြင်းသည် နှလုံးကျန်းမာရေး ကောင်းမွန်စေပြီး နှလုံးရောဂါ အန္တရာယ်လျော့စေနိုင်သည်။
ဒေါက်တာတင့်ဆွေ

Comments

Post a Comment

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ