Chances of passing G6PD on to kids ဘယ်နှစ်ယောက်ပါလာနိုင်သလဲ
ဆရာ ကျွန်မ သားဦးက မိန်းခလေးပါ။ သူကတော့ မွေးကတည်းက ခုထိ G6PD လက္ခဏာမပြပါ။ ဒုတိယကလေးက ယောက်ျားလေးပါ။ သူကတော့မွေးကတည်းက G6PD လက္ခဏာတွေ့ရှိပါတယ်။ ကလေးဆရာဝန် ကတော့ အမေ B သွေး၊ အဖေက O သွေးဆိုရင် မွေးလာတဲ့ ယောက်ကျားလေးဆိုရင်ဖြစ်တယ်။ မိန်းခလေးဆိုရင် ဖြစ်နိုင်ခြေနည်းတယ်လို့ ပြောပါတယ်။ သားက % နည်းတယ်လို့တော့ပြောပါတယ်။ သူက မကြာခဏဖျားတတ်ပါတယ်။ ဆရာဝန်တွေက paracetamol အရည်ဘဲပေးပါတယ်။ သူလဲ ဘာမှတော့မဖြစ်ပါ။ ဆက်လက်တိုက်ကျွေးသင့်ပါသလား ဆရာ။ နောက်တစ်ခုက သမီးဦးကိုလဲ G6PD ရှိမရှိ စစ်ဆေးသင့်ပါသလား။ ကျေးဇူးပြုပြီးဖြေပေးပါ။ အခုလို ကျန်းမာရေး ဗဟုသုတတွေတင်ပေးတဲ့ဆရာ့ကို ကျေးဇေူးအထူးတင်ပါတယ်ရှင်။
မွေးလာမယ့်ကလေးတွေမှာ G6PD ဘယ်နှစ်ယောက်ပါလာနိုင်သလဲ
(က) ဖခင် (ဘာမှမရှိ) + မိခင် (G6PD သယ်ဆောင်သူ)။
• သမီး ၂ ယောက်ထဲက ၁ ယောက်မှာ G6PD သယ်ဆောင်သူဖြစ်မယ်။
• သား ၂ ယောက်ထဲက ၁ ယောက်မှာ G6PD ပါလာမယ်။
(ခ) ဖခင် (G6PD ရှိသူ) + မိခင် (ဘာမှမရှိသူ)
• သမီးအားလုံး G6PD သယ်ဆောင်သူ။
• သားအားလုံးမှာ ဘာမှမရှိ။
(ဂ) ဖခင် (G6PD ပါသူ) + မိခင် (G6PD သယ်ဆောင်သူ)
• သမီး ၂ ယောက်ထဲက ၁ ယောက်မှာ G6PD ပါသူ။
• သမီး ၂ ယောက်ထဲက ၁ ယောက်မှာ G6PD သယ်ဆောင်သူ။
• သား ၂ ယောက်ထဲက ၁ ယောက်မှာ G6PD ရှိသူ။
• သား ၂ ယောက်ထဲက ၁ ယောက်မှာ ဘာမှမရှိ။
(ဃ) ဖခင် (ဘာမှမရှိ) + မိခင် G6PD ရှိသူ။
• သမီးအားလုံး G6PD သယ်ဆောင်သူ။
• သားအားလုံး G6PD ရှိသူ။
(င) ဖခင် (G6PD ရှိသူ)+ မိခင် (G6PD ရှိသူ)
• သမီးအားလုံး G6PD ရှိသူ။
• သားအားလုံး G6PD ရှိသူ။
Dr. တင့်ဆွေ
Comments
Post a Comment